
Unicode
မျှစ်ရေစိမ်အဆိမ့်ကြော်
°°°°°°°°°°°°°°°°°°°°°
ဒီဟင်းပွဲလေးကတော့ ဝါးနံ့သင်းသင်းလေးနဲ့
မျှစ်အစိမ်းကိုမှနှစ်သက်လိုသူတွေအတွက်ရည်ရွယ်ပါတယ်။
ဒါပေမယ့်မျှစ်အစိမ်းကိုတိုက်ရိုက်ချက်စားမယ်ဆိုရင်အဆိပ်အတောက်ဖြစ်စေပါတယ်။
ဒါကြောင့် မျှစ်အစိမ်းကို သန့်စင်ပြီးပါးပါးလေးတွေလှီးကာ (၂)ရက်ခန့်ရေစိမ်ပေးပါ။ရေစိမ်ရာမှာအသုံးပြုရတဲ့အိုးခွက် ကသန့်နေဖို့အထူးအရေးကြီးပါတယ်။ ဆီပါသွားရင်တော့ပုပ်သွားတတ်ပါတယ်။ရေစိမ်နေတဲ့အချိန်တစ်နေ့ကိုရေ(၃)ကြိမ်လဲ ပေးရပါမယ်။
ဒီလို လုပ်ခြင်းအားဖြင့် ဝါးရနံ့သင်းသင်းလေးရတဲ့မျှစ်ရေစိမ် ရပါမယ်။
ပုစွန်ခြောက်ထောင်း ၊ မျှင်ငါးပိလေးနဲ့ကြော်လို့ရပေမယ့် ကျွန်တော်က အလွတ်လေးကြော်ပြီး ပင်စိမ်းလေးအုပ်ထားပါတယ်။
မျှစ်စိမ်းနံ့မွှေးမွှေး ပင်စိမ်းနံ့သင်းသင်းလေးပေါ့။
ပါဝင်ပစ္စည်းများ
မျှစ်ရေစိမ်………….၂၀ကျပ်သား
ကြက်သွန်နီ………..၁လုံး
ကြက်သွန်ဖြူ……….. ၃မွှာ
ပင်စိမ်း………………၅ပင်
ငရုတ်သီးစိမ်း……….၃တောင့်

မျှစ်ရေစိမ်တွေကို ရေဆေး ၊ စစ်ထားပါ။
ဒယ်အိုးတစ်လုံးမှာ ပါးပါးလှီးထားတဲ့ကြက်သွန်နီ ၊ ဖြူ ကို မွှေးအောင်ဆီသပ်ပါ။
မွှေးလာလျှင် မျှစ်စိမ်းတွေ ထည့်ကြော်ပါ။
ဆား ၊ ဟင်းခတ်မှုန့် ဖြင့်အရသာဖြည့်စွက်ပါ။
မျှစ်အသားလေးတွေ ကြည်လာပြီဆို ကျက်တဲ့အနေအထားရောက်ပါပြီ။
ခွဲခြမ်းလှီးထားတဲ့ငရုတ်သီးစိမ်းတောင့်လေးများနှင့်ပင်စိမ်းလေးတွေအုပ်ပြီး မီဖိုပေါ်မှချပါ။
ဆိမ့်ဆိမ့်မွှေးမွှေး နဲ့ ကြွပ်ဆတ်ဆတ်အရသာလေးရမယ့် သက်သတ်လွတ်မျှစ်ရေစိမ်အဆိမ့်
ကြော်လေးဖြစ်ပါတယ်။

Zawgyi
မွ်စ္ေရစိမ္အဆိမ့္ေၾကာ္
°°°°°°°°°°°°°°°°°°°°°
ဒီဟင္းပြဲေလးကေတာ့ ဝါးနံ႔သင္းသင္းေလးနဲ႔
မွ်စ္အစိမ္းကိုမွႏွစ္သက္လိုသူေတြအတြက္ရည္႐ြယ္ပါတယ္။
ဒါေပမယ့္မွ်စ္အစိမ္းကိုတိုက္႐ိုက္ခ်က္စားမယ္ဆိုရင္အဆိပ္အေတာက္ျဖစ္ေစပါတယ္။
ဒါေၾကာင့္ မွ်စ္အစိမ္းကို သန႔္စင္ၿပီးပါးပါးေလးေတြလွီးကာ (၂)ရက္ခန႔္ေရစိမ္ေပးပါ။ေရစိမ္ရာမွာအသုံးျပဳရတဲ့အိုးခြက္ ကသန႔္ေနဖို႔အထူးအေရးႀကီးပါတယ္။ ဆီပါသြားရင္ေတာ့ပုပ္သြားတတ္ပါတယ္။ေရစိမ္ေနတဲ့အခ်ိန္တစ္ေန႔ကိုေရ(၃)ႀကိမ္လဲ ေပးရပါမယ္။
ဒီလို လုပ္ျခင္းအားျဖင့္ ဝါးရနံ႔သင္းသင္းေလးရတဲ့မွ်စ္ေရစိမ္ ရပါမယ္။
ပုစြန္ေျခာက္ေထာင္း ၊ မွ်င္ငါးပိေလးနဲ႔ေၾကာ္လို႔ရေပမယ့္ ကြၽန္ေတာ္က အလြတ္ေလးေၾကာ္ၿပီး ပင္စိမ္းေလးအုပ္ထားပါတယ္။
မွ်စ္စိမ္းနံ႔ေမႊးေမႊး ပင္စိမ္းနံ႔သင္းသင္းေလးေပါ့။
ပါဝင္ပစၥည္းမ်ား
မွ်စ္ေရစိမ္………….၂၀က်ပ္သား
ၾကက္သြန္နီ………..၁လုံး
ၾကက္သြန္ျဖဴ……….. ၃မႊာ
ပင္စိမ္း………………၅ပင္
င႐ုတ္သီးစိမ္း……….၃ေတာင့္

မွ်စ္ေရစိမ္ေတြကို ေရေဆး ၊ စစ္ထားပါ။
ဒယ္အိုးတစ္လုံးမွာ ပါးပါးလွီးထားတဲ့ၾကက္သြန္နီ ၊ ျဖဴ ကို ေမႊးေအာင္ဆီသပ္ပါ။
ေမႊးလာလွ်င္ မွ်စ္စိမ္းေတြ ထည့္ေၾကာ္ပါ။
ဆား ၊ ဟင္းခတ္မႈန႔္ ျဖင့္အရသာျဖည့္စြက္ပါ။
မွ်စ္အသားေလးေတြ ၾကည္လာၿပီဆို က်က္တဲ့အေနအထားေရာက္ပါၿပီ။
ခြဲျခမ္းလွီးထားတဲ့င႐ုတ္သီးစိမ္းေတာင့္ေလးမ်ားႏွင့္ပင္စိမ္းေလးေတြအုပ္ၿပီး မီဖိုေပၚမွခ်ပါ။
ဆိမ့္ဆိမ့္ေမႊးေမႊး နဲ႔ ႂကြပ္ဆတ္ဆတ္အရသာေလးရမယ့္ သက္သတ္လြတ္မွ်စ္ေရစိမ္အဆိမ့္
ေၾကာ္ေလးျဖစ္ပါတယ္။

[…] ငါးပြေမအချဉ်ဆီပြန် မျှစ်ရေစိမ်အဆိမ့်ကြော် […]
LikeLike