
Unicode:
မျှစ်စို့ အဆိမ့်သုပ်
°°°°°°°°°°°°°°°°
မျှစ်စို့နုနု……………….၁၅ ခုခန့်
ကြက်သွန်နီ……………၃ လုံး
ကြက်သွန်ဖြူ …………..၅တက်
မြေပဲလှော်……………..၂ဇွန်း
ပုစွန်ခြောက်………. ….၁ဇွန်း
ငရုတ်သီးအလှော်မှုန့်….နှစ်သက်သလို
နှမ်းမဲ……………………အနည်းငယ်

မျှစ်စို့ကို ရေနဲ့၁၅မိနစ်လောက်ပြုတ်ပီး ရေသွန်ပြီး ရေအေးစိမ် အအေးခံထားပါ။
ကြက်သွန်နီ သုံးလုံးကိုရေဆေး ပါးပါးလှီး ပြီး
အကြွပ်ကြော်က ဆယ်ယူဆီစစ်ထားပါ။
လက်ကျန်ဆီလေးထဲမှာ ကြက်သွန်ဖြူ ကို နနွင်း၊ အရောင်တင်မှုန့်လေးဖြင့်ဆီချက် ချက်ပါ။
မျှစ်ပြုတ်တွေကို ခရင်းနဲ့ခြစ်ပါ။
မျှစ်ခြစ်တွေကို ဆား သံပုရာသီးညှစ်ပြီးနယ်ထားပါ။
ပုဇွန်ခြောက်ကို မွှနေအောင်ထောင်း(သို့)
ကြိတ်ပါ။
သံပုရာရည်နယ်ထားတဲ့ မျှစ်တွေကို ရေစင်အောင်ညှစ်ပြီး ဇလုံတစ်ခုထဲထည့်ပါ။
ကြက်သွန်ဖြူ ဆီချက် ၊ ကြက်သွန်နီကြော်၊
ပဲကျက်မှုန့် ၊ ပုစွန်ခြောက်မှုန့် ၊ ငရုတ်သီးမှုန့်၊.ငါးငံပြာရည် ၊ အရသာမှုန့်လေးထည့်ပြီး
ခပ်ဖွဖွနယ်ပေးပါ။
နယ်နေတဲ့အချိန် သံပုရာသီးအစိတ်သေးသေးလေးတစ်ခုအရည်ညှစ်ချပြီးမှနယ်တော့
အဆိမ့်အရသာကိုမပျက်စေပဲ ရနံ့မွှေးသွားစေပါတယ်။
အပေါ်ကနေ ကြက်သွန်နီ ၊ ဖြူ အကြွပ်ကြော်၊
နှမ်းမဲစေ့လေးတွေဖြုး ပြီးအလှဆင်ပါ။

Zawgyi:
မွ်စ္စို႔ အဆိမ့္သုပ္
°°°°°°°°°°°°°°°°
မွ်စ္စို႔ႏုႏု……………….၁၅ ခုခန႔္
ၾကက္သြန္နီ……………၃ လုံး
ၾကက္သြန္ျဖဴ …………..၅တက္
ေျမပဲေလွာ္……………..၂ဇြန္း
ပုစြန္ေျခာက္………. ….၁ဇြန္း
င႐ုတ္သီးအေလွာ္မႈန႔္….ႏွစ္သက္သလို
ႏွမ္းမဲ……………………အနည္းငယ္

မွ်စ္စို႔ကို ေရနဲ႔၁၅မိနစ္ေလာက္ျပဳတ္ပီး ေရသြန္ၿပီး ေရေအးစိမ္ အေအးခံထားပါ။
ၾကက္သြန္နီ သုံးလုံးကိုေရေဆး ပါးပါးလွီး ၿပီး
အႂကြပ္ေၾကာ္က ဆယ္ယူဆီစစ္ထားပါ။
လက္က်န္ဆီေလးထဲမွာ ၾကက္သြန္ျဖဴ ကို နႏြင္း၊ အေရာင္တင္မႈန႔္ေလးျဖင့္ဆီခ်က္ ခ်က္ပါ။
မွ်စ္ျပဳတ္ေတြကို ခရင္းနဲ႔ျခစ္ပါ။
မွ်စ္ျခစ္ေတြကို ဆား သံပုရာသီးညႇစ္ၿပီးနယ္ထားပါ။
ပုဇြန္ေျခာက္ကို မႊေနေအာင္ေထာင္း(သို႔)
ႀကိတ္ပါ။
သံပုရာရည္နယ္ထားတဲ့ မွ်စ္ေတြကို ေရစင္ေအာင္ညႇစ္ၿပီး ဇလုံတစ္ခုထဲထည့္ပါ။
ၾကက္သြန္ျဖဴ ဆီခ်က္ ၊ ၾကက္သြန္နီေၾကာ္၊
ပဲက်က္မႈန႔္ ၊ ပုစြန္ေျခာက္မႈန႔္ ၊ င႐ုတ္သီးမႈန႔္၊.ငါးငံျပာရည္ ၊ အရသာမႈန႔္ေလးထည့္ၿပီး
ခပ္ဖြဖြနယ္ေပးပါ။
နယ္ေနတဲ့အခ်ိန္ သံပုရာသီးအစိတ္ေသးေသးေလးတစ္ခုအရည္ညႇစ္ခ်ၿပီးမွနယ္ေတာ့
အဆိမ့္အရသာကိုမပ်က္ေစပဲ ရနံ႔ေမႊးသြားေစပါတယ္။
အေပၚကေန ၾကက္သြန္နီ ၊ ျဖဴ အႂကြပ္ေၾကာ္၊
ႏွမ္းမဲေစ့ေလးေတြျဖဳး ၿပီးအလွဆင္ပါ။
