Cooking Tips| ငါးပြေမအချဉ်ဆီပြန်

Unicode:

ငါးပြေမအချဉ်ဆီပြန်
°°°°°°°°°°°°°°°°°°

ကျွန်တော်က အသားတွေထဲမှာ ငါးနှင့်ပင်လယ်စာတွေကိုကြိုက်ပါတယ်။ အကြိုက်ဆုံးကတော့ရေချို ငါးလေးတွေပေါ့။ဒါကလဲ အမေနဲ့တူတာဖြစ်ပါတယ်။

ကျွန်တော်က ငါးဟင်းချက်တဲ့အခါ ခရမ်းချဉ်သီးကိုအများဆုံးအသုံးပြု ပါတယ်။ ဟင်းခတ်ပစ္စည်းအတွက်ကတော့ ကြက်သွန်ဖြူ များများသုံးပါတယ်။ မဆလာတွေနဲ့ချက်တာမျိုးဆိုရင် ချစ်တီးဆိုင်တွေကချက်တဲ့ ငါးရံ့ခေါင်းဟင်းကိုနှစ်သက်ပေမယ့် ကိုယ်တိုင်ချက်တဲ့အခါ
မသုံးပါဘူး။အမွှေးအကြိုင်အတွက်ကတော့
ပင်စိမ်း ၊ နံနံပင် ၊ ရှမ်းနံနံ စတာတွေကို ကိုယ်
ချက်တဲ့ငါးနဲ့ရေသတ္တဝါတွေအပေါ်မူတည်ပြီးအသုံးပြုပါတယ်။ ပြည်ကြီးငါးတို့ ၊ ကင်းမွန်တို့လို Seafoods တွေသုပ်တဲ့အခါမှာ တရုတ်နံနံ( Chinese Celery) ကိုအသုံးပြုပါတယ်။

ဒီတစ်ခါ ငါးပြေမ လေးတွေကို မန်ကျည်းမှည့်လေးနဲ့အချဉ်ဆီပြန်ချက်တာလေးကိုဖော်ပြပါမယ်။ ငါးပြေမ က ရွှံ့လူးငါးဖြစ်တာကြောင့်
ညှီနံ့ပျောက်အောင်ဆေးကြောတတ်ရပါမယ်။
ဘယ်လိုဆေးကြောရမလဲဆိုရင်တော့ ငါးပြေမတွေကို ကြေးခွံမထိုးခင်မှာ မီးသွေးပြာလူးပြီး(၁၅)မိနစ်ခန့်နှပ်ထားပါ။ ရေပြောင်စင်အောင်ဆေးပါ။ ဒါဆို အညှီနံ့ပျောက်သလို အချွဲတွေလည်းကင်းစင်သွားပါတယ်။ပြီးမှအကြေးခွံထိုး ၊ ချေးထုတ်သန့်စင်ပါ။နောက်ဆုံးအဆင့်မှာငါးတွေကိုဆားအနည်းငယ်လေးဖြူ းသံပုရာသီးတစ်စိတ်လောက်ညှစ်ထည့်ပြီးနယ်ကာဆေးကြောပါက ငါးပြေမလေးတွေက
လုံးဝညှီနံ့ကင်း၊သန့်စင်သွားပါပြီ။

ချက်နည်းကတော့ရိုးရှင်းလွယ်ကူပါတယ်။

ပါဝင်ပစ္စည်းများ

ငါးပြေမအသေး…………၅ကောင်
ကြက်သွန်နီ……………..၁လုံး
ကြက်သွန်ဖြူ……………..၇ တက်
ခရမ်းချဉ်သီးမှည့်…………၃လုံး
ငရုတ်ခြောက်တောင့်……. ၁၀တောင့်ခန့်
မန်ကျည်းသီးမှည့်………..အနည်းငယ်
နံနံပင်……………………..၅ပင်

ငါးပြေမ လေးတွေကို သန့်စင်ပြီး ဓားလေးနဲ့
အနည်းငယ်မွှန်းပြီး ဆား ၊ ဟင်းခတ်မှုန့် ၊ နနွင်းမှုန့်လေးနှင့်နယ်ထားပါ။

ကြက်သွန်နီ ၊ ဖြူ ၊ ငရုတ်စိမ်းမှုန့် ၊ နနွင်းမှုန့်၊
ငရုတ်သီးခွဲကြမ်း ဖတ်တွေကိုရောပြီးညှက်အောင်ထောင်းပါ။

ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးထားပါ။

ဒယ်အိုးတစ်လုံးမှာ ဆီကိုအပူပေးပြီးထောင်း
ထားတဲ့အရောကိုဆီသပ်ပါ။

မွှေးလာလျှင် ခရမ်းချဉ်သီးတွေထည့်ပါ။

ဆား ၊ ဟင်းခတ်မှုန့် အရသာဖြည့်စွက်ပြီး
ငရုတ်ဆုံရည်လေးလောင်းပြီးအုပ်ထားပါ။

ဆီကြောင့် ခရမ်းချဉ်သီးတွေ အဖတ်လိုက်နူးအိပါစေ။

ဆီပြန်လာလျှင်မန်ကျည်းသီးအမှည့်အနှစ်တိုက်ထားတာလေ ထမင်းစားဇွန်း တစ်ဇွန်းခန့်
ထည့်ပါ။ အရမ်းချဉ်စရာမလိုပဲ ဟင်းပွဲရဲ့အရသာကို ဟန်ချက်ညီအောင်ထည့်ပေးရုံ
ထည့်ပါတယ်။

ငါးတွေထည့်ပါ။ သမသွားအောင် တစ်ချက်မွှေပေးပါ။

အဖုံးပြန်အုပ်ထားပါ။ မီးရှိန်လျှော့ချပါ။ရေခမ်းဆီပြန်လာမှနံနံပင်လေး အုပ်ပေးပါ။

ကျွန်တော်ချက်တဲ့ နည်းစနစ်အတိုင်းရေးပေးထားတာပါ။ ချက်ချင်သလို ချက်တဲ့ လူပျိုကြီး
ငါးဟင်းပါ။

ခရမ်းချဉ်သီးအဖတ်တွေ ကြေမသွားပဲ
နူးအိတာရော၊ နံနံပင် နံ့လေးတွေနဲ့ ထုံမွှမ်းထားတဲ့ ငါးပြေမ အချဉ်ဆီပြန်ဟင်းတစ်ခွက်ပါ။

Zawgyi:

ငါးေျပမအခ်ဥ္ဆီျပန္
°°°°°°°°°°°°°°°°°°

ကြၽန္ေတာ္က အသားေတြထဲမွာ ငါးႏွင့္ပင္လယ္စာေတြကိုႀကိဳက္ပါတယ္။ အႀကိဳက္ဆုံးကေတာ့ေရခ်ိဳ ငါးေလးေတြေပါ့။ဒါကလဲ အေမနဲ႔တူတာျဖစ္ပါတယ္။

ကြၽန္ေတာ္က ငါးဟင္းခ်က္တဲ့အခါ ခရမ္းခ်ဥ္သီးကိုအမ်ားဆုံးအသုံးျပဳ ပါတယ္။ ဟင္းခတ္ပစၥည္းအတြက္ကေတာ့ ၾကက္သြန္ျဖဴ မ်ားမ်ားသုံးပါတယ္။ မဆလာေတြနဲ႔ခ်က္တာမ်ိဳးဆိုရင္ ခ်စ္တီးဆိုင္ေတြကခ်က္တဲ့ ငါးရံ႕ေခါင္းဟင္းကိုႏွစ္သက္ေပမယ့္ ကိုယ္တိုင္ခ်က္တဲ့အခါ
မသုံးပါဘူး။အေမႊးအႀကိဳင္အတြက္ကေတာ့
ပင္စိမ္း ၊ နံနံပင္ ၊ ႐ွမ္းနံနံ စတာေတြကို ကိုယ္
ခ်က္တဲ့ငါးနဲ႔ေရသတၱဝါေတြအေပၚမူတည္ၿပီးအသုံးျပဳပါတယ္။ ျပည္ႀကီးငါးတို႔ ၊ ကင္းမြန္တို႔လို Seafoods ေတြသုပ္တဲ့အခါမွာ တ႐ုတ္နံနံ( Chinese Celery) ကိုအသုံးျပဳပါတယ္။

ဒီတစ္ခါ ငါးေျပမ ေလးေတြကို မန္က်ည္းမွည့္ေလးနဲ႔အခ်ဥ္ဆီျပန္ခ်က္တာေလးကိုေဖာ္ျပပါမယ္။ ငါးေျပမ က ရႊံ့လူးငါးျဖစ္တာေၾကာင့္
ညႇီနံ႔ေပ်ာက္ေအာင္ေဆးေၾကာတတ္ရပါမယ္။
ဘယ္လိုေဆးေၾကာရမလဲဆိုရင္ေတာ့ ငါးေျပမေတြကို ေၾကးခြံမထိုးခင္မွာ မီးေသြးျပာလူးၿပီး(၁၅)မိနစ္ခန္႔ႏွပ္ထားပါ။ ေရေျပာင္စင္ေအာင္ေဆးပါ။ ဒါဆို အညႇီနံ႔ေပ်ာက္သလို အခြၽဲေတြလည္းကင္းစင္သြားပါတယ္။ၿပီးမွအေၾကးခြံထိုး ၊ ေခ်းထုတ္သန္႔စင္ပါ။ေနာက္ဆုံးအဆင့္မွာငါးေတြကိုဆားအနည္းငယ္ေလးျဖဴ းသံပုရာသီးတစ္စိတ္ေလာက္ညႇစ္ထည့္ၿပီးနယ္ကာေဆးေၾကာပါက ငါးေျပမေလးေတြက
လုံးဝညႇီနံ႔ကင္း၊သန္႔စင္သြားပါၿပီ။

ခ်က္နည္းကေတာ့႐ိုး႐ွင္းလြယ္ကူပါတယ္။

ပါဝင္ပစၥည္းမ်ား

ငါးေျပမအေသး…………၅ေကာင္
ၾကက္သြန္နီ……………..၁လုံး
ၾကက္သြန္ျဖဴ……………..၇ တက္
ခရမ္းခ်ဥ္သီးမွည့္…………၃လုံး
င႐ုတ္ေျခာက္ေတာင့္……. ၁၀ေတာင့္ခန္႔
မန္က်ည္းသီးမွည့္………..အနည္းငယ္
နံနံပင္……………………..၅ပင္

ငါးေျပမ ေလးေတြကို သန္႔စင္ၿပီး ဓားေလးနဲ႔
အနည္းငယ္မႊန္းၿပီး ဆား ၊ ဟင္းခတ္မွဳန္႔ ၊ နႏြင္းမွဳန္႔ေလးႏွင့္နယ္ထားပါ။

ၾကက္သြန္နီ ၊ ျဖဴ ၊ င႐ုတ္စိမ္းမွဳန္႔ ၊ နႏြင္းမွဳန္႔၊
င႐ုတ္သီးခြဲၾကမ္း ဖတ္ေတြကိုေရာၿပီးညႇက္ေအာင္ေထာင္းပါ။

ခရမ္းခ်ဥ္သီးကို ခပ္ၾကမ္းၾကမ္းလွီးထားပါ။

ဒယ္အိုးတစ္လုံးမွာ ဆီကိုအပူေပးၿပီးေထာင္း
ထားတဲ့အေရာကိုဆီသပ္ပါ။

ေမႊးလာလွ်င္ ခရမ္းခ်ဥ္သီးေတြထည့္ပါ။

ဆား ၊ ဟင္းခတ္မွဳန္႔ အရသာျဖည့္စြက္ၿပီး
င႐ုတ္ဆုံရည္ေလးေလာင္းၿပီးအုပ္ထားပါ။

ဆီေၾကာင့္ ခရမ္းခ်ဥ္သီးေတြ အဖတ္လိုက္ႏူးအိပါေစ။

ဆီျပန္လာလ်ွင္မန္က်ည္းသီးအမွည့္အႏွစ္တိုက္ထားတာေလ ထမင္းစားဇြန္း တစ္ဇြန္းခန္႔
ထည့္ပါ။ အရမ္းခ်ဥ္စရာမလိုပဲ ဟင္းပြဲရဲ႕အရသာကို ဟန္ခ်က္ညီေအာင္ထည့္ေပး႐ုံ
ထည့္ပါတယ္။

ငါးေတြထည့္ပါ။ သမသြားေအာင္ တစ္ခ်က္ေမႊေပးပါ။

အဖုံးျပန္အုပ္ထားပါ။ မီးရိွန္ေလွ်ာ့ခ်ပါ။ေရခမ္းဆီျပန္လာမွနံနံပင္ေလး အုပ္ေပးပါ။

ကြၽန္ေတာ္ခ်က္တဲ့ နည္းစနစ္အတိုင္းေရးေပးထားတာပါ။ ခ်က္ခ်င္သလို ခ်က္တဲ့ လူပ်ိဳႀကီး
ငါးဟင္းပါ။

ခရမ္းခ်ဥ္သီးအဖတ္ေတြ ေၾကမသြားပဲ
ႏူးအိတာေရာ၊ နံနံပင္ နံ႔ေလးေတြနဲ႔ ထုံမႊမ္းထားတဲ့ ငါးေျပမ အခ်ဥ္ဆီျပန္ဟင္းတစ္ခြက္ပါ။

One comment

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.