
Unicode:
ငရုတ်သီးဆားထောင်း
🌶🌶🌶🌶🌶🌶🌶
ငရုတ်ခြောက်တောင့်…………၅ကျပ်သား
ကြက်သွန်ဖြူ……………………၁၅တက်
ရှမ်းနံနံ………………………….၁စည်း
မန်ကျည်းသီးမှည့်……………ကျပ်ဝိုင်းပြားခန့်

ငရုတ်သီးဆားထောင်းဖို့ အဓိကကျဆုံးနည်းစနစ်က ငရုတ်သီးလှော်ဖို့ပါ။
မီးရှိန်အေးအေး အနေအထားမှာ အိုးကင်းကို ပူနေအောင်တည်ထားပါ။
အညှာခြွေထားတဲ့ ငရုတ်သီးတွေကို ထည့်လှော်ပါ ။
အနည်းငယ်ခြောက်ပြီး ကြွပ်လာပြီဆိုရင် ဆီ(၁)ဇွန်းခန့်ကို အနည်းငယ်ချင်းစီ ဆမ်းထည့်ပေးပါ။
အနည်းဆုံး နာရီဝက် ခန့်အချိန်ယူပြီး မွှေး၊ကျွမ်းနေအောင် လှော်ပါ။
ထိုစဉ်အချိန်အတွင်း မန်ကျည်းမှည့်ရည်ကို ရေစိုရုံလောက်လေး ရေနွေး စိမ်ထားသလို ကြက်သွန်ဖြူကို ခွာပြီး ထောင်းရလွယ်အောင်လေး စိတ်လောက်လှီးပါ။
ရှမ်းနံနံတွေကိုလည်း ပါးပါးလှီးပါ။
ငရုတ်ဆုံထဲမှာ ငရုတ်သီးကို ဆား၊ဟင်းခတ်မှုန့်နှင့် ဦးစွာစထောင်းပါ။
ကြက်သွန်ဖြူ ဖတ်လေးတွေကို အနည်းငယ် စီထည့်ရင်း ထောင်းသွားပါ။
ငရုတ်သီးနှင့် ကြက်သွန်ဖြူ တွေ ခွဲ ခြမ်းအဆင့်ကို ကျော်ပြီဆိုရင် မန်ကျည်းသီးမှည့် ပျစ်ခဲခဲကိုအဖတ်လေးတွေပါ ရောထည့်ထောင်းပါ။
စေးထွေးတဲ့ အနေအထား ရောက်ပြီဆိုရင် ပါးပါးရိတ်ရိတ်လှီးထားတဲ့ ရှမ်းနံနံလေးတွေ ထည့်ထောင်းပါ။
ပထမအစမှာတော့ ငရုတ်သီးက ပူစပ်ပူလောင်ပုံစံမျိုး အစပ်ပြင်းနေတယ်လို့ ထင်ရပေမယ့် ၂ရက်လောက် ကြာတဲ့အခါ အရသာနှပ်ပြီး ထောင်းထားတဲ့ ငရုတ်သီးဆားထောင်းပုံစံမျိုး ရရှိပါပြီ။
သီးသန့်ဇွန်းလေးနဲ့ပဲ သုံးမယ်ဆိုရင် ရေခဲသေတ္တာ ထဲထည့်စရာမလိုပဲ အနည်းဆုံး(၁)လခန့်
ထမင်းစားပွဲပေါ်မှာတင်ထားလို့ ရနိူင်ပါတယ်။

Zawgyi:
င႐ုတ္သီးဆားေထာင္း
🌶🌶🌶🌶🌶🌶🌶
င႐ုတ္ေျခာက္ေတာင့္…………၅က်ပ္သား
ၾကက္သြန္ျဖဴ……………………၁၅တက္
႐ွမ္းနံနံ………………………….၁စည္း
မန္က်ည္းသီးမွည့္……………က်ပ္ဝိုင္းျပားခန္႔

င႐ုတ္သီးဆားေထာင္းဖို႔ အဓိကက်ဆုံးနည္းစနစ္က င႐ုတ္သီးေလွာ္ဖို႔ပါ။
မီး႐ွိန္ေအးေအး အေနအထားမွာ အိုးကင္းကို ပူေနေအာင္တည္ထားပါ။
အညႇာေႁခြထားတဲ့ င႐ုတ္သီးေတြကို ထည့္ေလွာ္ပါ ။
အနည္းငယ္ေျခာက္ၿပီး ႂကြပ္လာၿပီဆိုရင္ ဆီ(၁)ဇြန္းခန္႔ကို အနည္းငယ္ခ်င္းစီ ဆမ္းထည့္ေပးပါ။
အနည္းဆုံး နာရီဝက္ ခန္႔အခ်ိန္ယူၿပီး ေမႊး၊ကြၽမ္းေနေအာင္ ေလွာ္ပါ။
ထိုစဥ္အခ်ိန္အတြင္း မန္က်ည္းမွည့္ရည္ကို ေရစို႐ုံေလာက္ေလး ေရေႏြး စိမ္ထားသလို ၾကက္သြန္ျဖဴကို ခြာၿပီး ေထာင္းရလြယ္ေအာင္ေလး စိတ္ေလာက္လွီးပါ။
႐ွမ္းနံနံေတြကိုလည္း ပါးပါးလွီးပါ။
င႐ုတ္ဆုံထဲမွာ င႐ုတ္သီးကို ဆား၊ဟင္းခတ္မွဳန္႔ႏွင့္ ဦးစြာစေထာင္းပါ။
ၾကက္သြန္ျဖဴ ဖတ္ေလးေတြကို အနည္းငယ္ စီထည့္ရင္း ေထာင္းသြားပါ။
င႐ုတ္သီးႏွင့္ ျကက္သြန္ျဖဴ ေတြ ခြဲ ျခမ္းအဆင့္ကို ေက်ာ္ၿပီဆိုရင္ မန္က်ည္းသီးမွည့္ ပ်စ္ခဲခဲကိုအဖတ္ေလးေတြပါ ေရာထည့္ေထာင္းပါ။
ေစးေထြးတဲ့ အေနအထား ေရာက္ၿပီဆိုရင္ ပါးပါးရိတ္ရိတ္လွီးထားတဲ့ ႐ွမ္းနံနံေလးေတြ ထည့္ေထာင္းပါ။
ပထမအစမွာေတာ့ င႐ုတ္သီးက ပူစပ္ပူေလာင္ပုံစံမ်ိဳး အစပ္ျပင္းေနတယ္လို႔ ထင္ရေပမယ့္ ၂ရက္ေလာက္ ၾကာတဲ့အခါ အရသာႏွပ္ၿပီး ေထာင္းထားတဲ့ င႐ုတ္သီးဆားေထာင္းပုံစံမ်ိဳး ရရိွပါၿပီ။
သီးသန္႔ဇြန္းေလးနဲ႔ပဲ သုံးမယ္ဆိုရင္ ေရခဲေသတၱာ ထဲထည့္စရာမလိုပဲ အနည္းဆုံး(၁)လခန္႔
ထမင္းစားပြဲေပၚမွာတင္ထားလို႔ ရႏိူင္ပါတယ္။
