
Unicode
|How to develop an assertive personality
လုပ်ငန်းခွင်တစ်ခုကို ကြည့်လိုက်ရင် လူပုံစံ(၃)မျိုး တွေ့နိုင်တယ်။
တချို့က ကိုယ်ဖြစ်ချင်တာပဲသိတယ်၊ အမြဲတမ်း အသာလိုချင်တယ်၊ ငါ အထက်လူကြီးပဲဆိုပြီး အောက်ကလူတွေကို အော်မယ်၊ ငေါက်မယ်၊ ဝန်ထမ်းတွေကို မငဲ့ညှာဘူး၊ ဒါမျိုးတွေကိုတော့ Aggressive type လို့ခေါ်ပါတယ်။ ဒါက အစွန်းတစ်ဖက်ပေါ့။
နောက်ထပ်တစ်ဖက်ကတော့ ဟိုလူပြောလည်း ငုံ့ခံ၊ ဒီလူပြောလည်း သည်းခံ၊ ဟိုလူခိုင်းလည်း လုပ်၊ ဒီလူတောင်းဆိုလည်း လိုက်လျောနဲ့ ပြိုင်လာရင်အရှုံးပေး နှလုံးအေးတဲ့ဆေး ဆိုတဲ့ ပုံစံ၊ Passive type လို့ခေါ်တယ်။
ပထမပုံစံနဲ့ဆိုရင် အလုပ်မှာ ရေရှည်အဆင်ပြေဖို့ ခက်ပါမယ်။ ဒုတိယပုံစံကျတော့လည်း ကိုယ်ဖြစ်ချင်တာ မဖြစ်ရ၊ ကိုယ့်အတွေးစိတ်ကူးတွေ အရာမထင် နဲ့ ဘဝမှာ အောင်မြင်သူတစ်ယောက် ဖြစ်လာဖို့မလွယ်ပါဘူး။ စိတ်နှလုံးအေးတယ်လည်း မထင်ပါနဲ့၊ အရာအားလုံးကို အလွယ်တကူ လက်ခံနေတော့ ဟိုလူက ခိုင်းလည်း လုပ်ပေး၊ ဒီလူပေးတဲ့တာဝန်လည်း ယူလိုက်နဲ့ အလုပ်တွေပုံပြီး ပိုတောင်စိတ်ဖိစီးရဦးမှာပါ။
ဒါကြောင့် ကျွန်တော်တို့တွေဟာ Assertive personality ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်နိုင်ဖို့ လိုပါတယ်။ Assertive ဖြစ်တဲ့ပုံစံ ဆိုတာက သူ့မှာ ခိုင်မာတဲ့ရပ်တည်ချက်ရှိတယ်၊ အဲဒီလိုပဲ သူများရပ်တည်ချက်ကိုလည်း လေးစားတယ်။ သူ့အခွင့်အရေးအတွက် သူတောင်းဆိုသလို၊ သူတစ်ပါးအခွင့်အရေးကိုလည်း မချိုးဖောက်ဘူး။ သူ့ပညာကို တန်ဖိုးထားသလို၊ သူတစ်ပါးပညာကိုလည်း မနှိမ့်ချဘူး၊ မစော်ကားဘူး။ မဖြစ်သင့်ဘူးထင်ရင် ရဲရဲတင်းတင်း ပြောတယ်၊ ဆိုတယ်၊ ရင့်ရင့်သီးသီးလည်း မတုံ့ပြန်ဘူး၊ ကြောက်ကြောက်လန့်လန့်နဲ့လည်း ငုံ့ခံမလာဘူး။
အဲဒီလို Assertive personality မျိုး ရှိချင်တယ်ဆိုရင်..
၁။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ
ကိုယ့်ကိုယ်ကိုယ် အလွန်အကျူး အမွှန်းတင်တာ၊ ဂုဏ်ဖော်တာကလည်း မကောင်းသလို၊ အလွန်အမင်း နှိမ့်ချလွန်းရင်လည်း အဆင်မပြေပါဘူး။ ဥပမာ အင်တာဗျူးဖြေမယ်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေ၊ ကိုယ်စွမ်းဆောင်ခဲ့တာတွေ ယုံကြည်မှုအပြည့်နဲ့ ဖြေပါ။ ဒါကတော့လေ.. ဒီလိုပါပဲ.. ဘာမှကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး.. ဒါမျိုးတွေ ပြောနေရင်၊ ကိုယ့်ကိုယ်ကိုယ်မှတောင် ယုံကြည်မှုမရှိရင် တစ်ဖက်လူဆီက ယုံကြည်မှုရဖို့လည်း ခက်ပါမယ်။
၂။ နားထောင်တတ်ပါစေ
Aggressive personality သမားတွေက သေချာနားထောင်ပေးလေ့ မရှိကြဘူး၊ နားထောင်တဲ့အခါမှာလည်း ဒီလူကို ငါဘယ်လိုချေပရမလဲ ဆိုတာပဲ စဉ်းစားနေတတ်ကြတယ်။ Passive သမားတွေကတော့ ကြောက်ကြောက်လန့်လန့်နဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ လုပ်နေတတ်တယ်။ အကယ်၍ Assertive type ဖြစ်ချင်ရင်တော့ သေသေချာချာ နားထောင်တတ်ဖို့ လိုမယ်။ ဒီလူဘာဆိုလိုချင်တယ် ဆိုတာကို ကောင်းကောင်းသဘောပေါက်မှ ကိုယ့်ဘက်က ဖြစ်ချင်တာကို ရှင်းရှင်းလင်းလင်း ပြန်ပြောလို့ရမယ်။ အငြင်းအခုန်တွေလည်း နည်းမယ်။ တစ်ဖက်လူကလည်း ကိုယ်အသေအချာ နားထောင်နေတာကို ကြည့်ရင်း ကိုယ့်ရဲ့ လေးနက်မှုနဲ့ အာရုံစူးစိုက်မှုကို ခန့်မှန်းမိသွားလိမ့်မယ်။
၃။ ကိုယ်လိုချင်တာကို ပြတ်ပြတ်သားသားပြောပါ
Assertive personality သမားတွေဟာ ကိုယ်နဲ့အတူတွဲလုပ်တဲ့လူတွေဆီက ဘာလိုချင်တယ်၊ ဘယ်တော့ အပြီးလုပ်ပေးစေချင်တယ် ဒါတွေကို ရှင်းရှင်းလင်းလင်း ပြောပြတတ်ကြတယ်။ သူတို့ရဲ့ လွဲချော်မှုတွေကိုလည်း ဆူပူမာန်မဲတာမျိုး မဟုတ်ဘဲ ပြင်စေချင်တဲ့ အဓိကအချက်တွေကို ထောက်ပြနိုင်ကြတယ်။ ဝေ့ဝိုက်မနေဘူး၊ ပြောဖို့ကို အားနာနေ၊ ဝန်လေးနေတာမျိုးလည်း မရှိဘူး။ အစည်းအဝေးတွေ တက်တဲ့အခါ၊ ညှိနှိုင်းမှုတွေ လုပ်ရတဲ့အခါမှာလည်း ဒီလို Assertive personality မျိုးရှိဖို့ အရေးကြီးတယ်။
၄။ ငြင်းတတ်ပါစေ
NO ဆိုတဲ့စကားလုံးကို ဒီအခြေအနေ (၃)မျိုးမှာ မဖြစ်မနေ ပြောပါ။
-ကိုယ် လုပ်ပေးနိုင်မှာမဟုတ်တဲ့ အလုပ်တာဝန်တွေကို တစ်ယောက်ယောက်က ခွဲဝေပေးလာတဲ့အခါ ငြင်းပါ။ မဟုတ်ရင် အဲဒီအလုပ်လည်း မပြီး၊ ကိုယ့်ရဲ့ အဓိကအလုပ်လည်း မပြီး၊ သူနဲ့လည်း မျက်နှာပျက်ရမယ်၊ ကိုယ်လည်း တာဝန်မကျေရာ ရောက်သွားပါလိမ့်မယ်။
-မဖြစ်နိုင်တဲ့ Deadline ကို ချပေးလာတဲ့အခါမှာ ငြင်းပါ။
တစ်ပတ်လောက်လုပ်မှ ရမယ့်အလုပ်ကို ဒီညနေ အပြီးလိုချင်တယ် ပြောလာရင် ကြောက်ကြောက်လန့်လန့်နဲ့ ဟုတ်ကဲ့ လုပ်မလာပါနဲ့။ အလုပ်ပမာဏကို သေချာစစ်ပါ၊ ကိုယ် ဒါကိုပြီးဖို့ အချိန်ဘယ်လောက်လိုကြောင်း ပြတ်ပြတ်သားသား ပြောပြခဲ့ပါ။
-တစ်ယောက်ယောက်က ကိုယ့်ကို သူ့ကိုယ်ကျိုးအတွက် အသုံးချနေတဲ့အခါတိုင်းမှာ ငြင်းပါ
အန်တီစုပြောတဲ့ အသုံးချလို့ရတယ် ဆိုတာ တိုင်းပြည်အကျိုးအတွက်မို့ပါ။ သူတို့အကျိုးစီးပွါးအတွက် ကျွန်မကို အသုံးချပါ လို့ ပြောခဲ့တာမဟုတ်ပါဘူး။ အဖွဲ့အစည်းအကျိုးအတွက် တတ်နိုင်တဲ့နေရာက ဝင်ပါပါ။ ဒါပေမယ့် လုပ်ရတော့ ကိုယ်၊ နာမည်ကောင်းယူတော့ သူ ဖြစ်နေခဲ့မယ်ဆိုရင် အဲဒါကို ငြင်းပယ်နိုင်အောင် ကြိုးစားပါ။
၅။ ဝေဖန်မှုတွေကို အကောင်းဆုံးရင်ဆိုင်ပါ
ခုတစ်လောလေးမှာ အရမ်းရေပန်းစားနေတဲ့ အနုပညာရှင်နှစ်ယောက်ကို ကြည့်လိုက်ပါ။ အားပေးတာ အားမပေးတာထက် အတုယူသင့်တာ ရှိပါတယ်။ ဘာလဲဆိုတော့ ဝေဖန်မှုတွေကို အကောင်းဆုံးတုံ့ပြန်နိုင်ခြင်းပါ။ Aggressive ဖြစ်တဲ့လူဆို ဝေဖန်သူတွေကို ရန်ပြန်ဖြစ်မယ်၊ ဆဲမယ်ဆိုမယ်၊ Passive သမားတွေက အဝေဖန်မခံနိုင်လို့ လုပ်မယ့်အလုပ်ကို နောက်ဆုတ်လိုက်လိမ့်မယ်။ အခုလို အကောင်းဆုံးဖြေရှင်းနိုင်ခဲ့တဲ့အခါကျတော့ ဝေဖန်မှုတွေက ပိုလို့နာမည်ကြီးအောင် လုပ်ပေးလိုက်သလိုတောင် ဖြစ်သွားပါသေးတယ်။
အဝေဖန်မခံရတဲ့သူဆိုတာ လောကမှာ မရှိဘူး။ Celebrity မှ မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် လမ်းဖြတ်သွားရင်တောင် ဝတ်စားထားတာကလည်း ဘယ်လိုကြီး ဆိုပြီး လူတွေက ဝေဖန်နေကြတာ။ နောက်ပြီး အဝေဖန်မခံရရင်လည်း မတိုးတက်ဘူး။ ဘာလို့ဆိုတော့ ကိုယ့်ဟာကိုယ် ဘာမှားနေမှန်း မသိတော့လို့။ ဒါကြောင့် အဝေဖန်ခံပါ၊ ကောင်းတဲ့ဝေဖန်မှုတွေကို (သူတို့က ဘယ်လောက်ရိုင်းရိုင်းပြောပါစေဦးတော့၊ ကိုယ့်အတွက် အသုံးတည့်ရင်) ယူလိုက်ပါ၊ သက်ဆိုင်မှုမရှိဘဲ သူတို့ရဲ့ တခြားက မကျေနပ်ချက်တွေကို ပေါက်ကွဲချင်လို့ ကိုယ့်ကိုလာဆဲဆိုနေတာမျိုးတွေကိုတော့ လျစ်လျူရှုလိုက်ပါ။
၆။ ပြတ်သားတဲ့ ရည်မှန်းချက်ရှိပါစေ
ဘောလုံးသမားတွေကို ကြည့်လိုက်ပါ။ ကမ္ဘာ့အကောင်းဆုံး ဖြစ်ချင်တဲ့ ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ကလပ်အသင်းတွေမှာ ကစားမှ အခွင့်အလမ်းပိုများပါမယ်။ ဒါကြောင့် သူတို့ဟာ အခွင့်အလမ်းပေါ်လာတဲ့အခါ အားနာမနေဘူး၊ အသင်းပြောင်းခွင့်တောင်းတယ်၊ တကယ်လည်း ပြောင်းတယ်၊ လစာကိုလည်း မြိုးမြိုးမြက်မြက် တောင်းတယ်၊ အဲဒီလစာနဲ့တန်အောင်လည်း ကြိုးစားတယ်။
အဖွဲ့အစည်းကလည်း ကိုယ့်ကို မလိုအပ်တော့ရင် အားနာလို့ဆိုပြီး လစာအလကား ပေးမထားပါဘူး။ ကိုယ့်ထက်သာတဲ့ ဝန်ထမ်းတွေ့ရင် ကိုယ့်ထက်နေရာပေးမှာပဲ။ ဒါကြောင့် ကိုယ်လည်း ဒီအဖွဲ့ကြီးကို ချစ်လှချည်ရဲ့ လုပ်နေစရာ မလိုပါဘူး။ အဲဒါကို သစ္စာရှိတယ်လည်း မခံယူပါဘူး။ တကယ်တော့ သစ္စာရှိတယ်ဆိုတာ ဒီအဖွဲ့မှာ လုပ်နေတုန်း မခိုမကပ် အလုပ်လုပ်ပေးတာ၊ ယူထားတဲ့ လစာနဲ့တန်အောင် လုပ်ပေးတာမျိုးကို ခေါ်တာပါ။
ခုပြောခဲ့တဲ့ Assertive personality ဆိုတာ အောင်မြင်သူတော်တော်များများမှာ ရှိနေတတ်တဲ့ စရိုက်လက္ခဏာတစ်ခုဖြစ်လို့ ကိုယ့်ဆီမှာရှိနေအောင်လည်း ပြင်ဆင်ထားသင့်ပါတယ်။
ဒေါက်တာဖြိုးသီဟ
၃၁.၈.၂၀၁၆
Zawgyi:
လုပ္ငန္းခြင္တစ္ခုကို ၾကည္႔လုိက္ရင္ လူပံုစံ(၃)မ်ိဳး ေတြ႔ႏုိင္တယ္။
တခ်ိဳ႔က ကုိယ္ၿဖစ္ခ်င္တာပဲသိတယ္၊ အၿမဲတမ္း အသာလိုခ်င္တယ္၊ ငါ အထက္လူၾကီးပဲဆုိၿပီး ေအာက္ကလူေတြကို ေအာ္မယ္၊ ေငါက္မယ္၊ ၀န္ထမ္းေတြကို မငဲ့ညွာဘူး၊ ဒါမ်ိဳးေတြကုိေတာ့ Aggressive type လို႔ေခၚပါတယ္။ ဒါက အစြန္းတစ္ဖက္ေပါ့။
ေနာက္ထပ္တစ္ဖက္ကေတာ့ ဟုိလူေၿပာလည္း ငံု႔ခံ၊ ဒီလူေၿပာလည္း သည္းခံ၊ ဟုိလူခုိင္းလည္း လုပ္၊ ဒီလူေတာင္းဆုိလည္း လုိက္ေလ်ာနဲ႔ ၿပိဳင္လာရင္အရံႈးေပး ႏွလံုးေအးတဲ့ေဆး ဆုိတဲ့ ပံုစံ၊ Passive type လို႔ေခၚတယ္။
ပထမပံုစံနဲ႔ဆုိရင္ အလုပ္မွာ ေရရွည္အဆင္ေၿပဖုိ႔ ခက္ပါမယ္။ ဒုတိယပံုစံက်ေတာ့လည္း ကုိယ္ၿဖစ္ခ်င္တာ မၿဖစ္ရ၊ ကုိယ့္အေတြးစိတ္ကူးေတြ အရာမထင္ န႔ဲ ဘ၀မွာ ေအာင္ၿမင္သူတစ္ေယာက္ ၿဖစ္လာဖုိ႔မလြယ္ပါဘူး။ စိတ္ႏွလံုးေအးတယ္လည္း မထင္ပါနဲ႔၊ အရာအားလံုးကုိ အလြယ္တကူ လက္ခံေနေတာ့ ဟုိလူက ခုိင္းလည္း လုပ္ေပး၊ ဒီလူေပးတဲ့တာ၀န္လည္း ယူလိုက္နဲ႔ အလုပ္ေတြပံုၿပီး ပုိေတာင္စိတ္ဖိစီးရဦးမွာပါ။
ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ေတြဟာ Assertive personality ၿဖစ္ေအာင္ ကုိယ့္ကုိယ္ကုိယ္ ပ်ိဳးေထာင္ႏုိင္ဖုိ႔ လိုပါတယ္။ Assertive ၿဖစ္တဲ့ပံုစံ ဆုိတာက သူ႔မွာ ခုိင္မာတဲ့ရပ္တည္ခ်က္ရွိတယ္၊ အဲဒီလိုပဲ သူမ်ားရပ္တည္ခ်က္ကုိလည္း ေလးစားတယ္။ သူ႔အခြင့္အေရးအတြက္ သူေတာင္းဆုိသလို၊ သူတစ္ပါးအခြင့္အေရးကိုလည္း မခ်ိဳးေဖာက္ဘူး။ သူ႔ပညာကို တန္ဖိုးထားသလို၊ သူတစ္ပါးပညာကိုလည္း မႏွိမ့္ခ်ဘူး၊ မေစာ္ကားဘူး။ မၿဖစ္သင့္ဘူးထင္ရင္ ရဲရဲတင္းတင္း ေၿပာတယ္၊ ဆုိတယ္၊ ရင့္ရင့္သီးသီးလည္း မတံု႔ၿပန္ဘူး၊ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔လည္း ငံု႔ခံမလာဘူး။
အဲဒီလို Assertive personality မ်ိဳး ရွိခ်င္တယ္ဆိုရင္..
၁။ ကိုယ့္ကုိယ္ကုိယ္ ယံုၾကည္မႈရွိပါ
ကိုယ့္ကုိယ္ကုိယ္ အလြန္အက်ဴး အမႊန္းတင္တာ၊ ဂုဏ္ေဖာ္တာကလည္း မေကာင္းသလို၊ အလြန္အမင္း ႏွိမ့္ခ်လြန္းရင္လည္း အဆင္မေၿပပါဘူး။ ဥပမာ အင္တာဗ်ဴးေၿဖမယ္ဆုိရင္ ကုိယ့္ရဲ႔အားသာခ်က္ေတြ၊ ကုိယ္စြမ္းေဆာင္ခဲ့တာေတြ ယံုၾကည္မႈအၿပည္႔နဲ႔ ေၿဖပါ။ ဒါကေတာ့ေလ.. ဒီလိုပါပဲ.. ဘာမွၾကီးၾကီးက်ယ္က်ယ္ေတာ့ မဟုတ္ပါဘူး.. ဒါမ်ိဳးေတြ ေၿပာေနရင္၊ ကိုယ့္ကုိယ္ကုိယ္မွေတာင္ ယံုၾကည္မႈမရွိရင္ တစ္ဖက္လူဆီက ယံုၾကည္မႈရဖို႔လည္း ခက္ပါမယ္။
၂။ နားေထာင္တတ္ပါေစ
Aggressive personality သမားေတြက ေသခ်ာနားေထာင္ေပးေလ့ မရွိၾကဘူး၊ နားေထာင္တဲ့အခါမွာလည္း ဒီလူကို ငါဘယ္လိုေခ်ပရမလဲ ဆုိတာပဲ စဥ္းစားေနတတ္ၾကတယ္။ Passive သမားေတြကေတာ့ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ဟုတ္ကဲ့ ဟုတ္ကဲ့ လုပ္ေနတတ္တယ္။ အကယ္၍ Assertive type ၿဖစ္ခ်င္ရင္ေတာ့ ေသေသခ်ာခ်ာ နားေထာင္တတ္ဖုိ႔ လိုမယ္။ ဒီလူဘာဆုိလိုခ်င္တယ္ ဆိုတာကုိ ေကာင္းေကာင္းသေဘာေပါက္မွ ကုိယ့္ဘက္က ၿဖစ္ခ်င္တာကုိ ရွင္းရွင္းလင္းလင္း ၿပန္ေၿပာလုိ႔ရမယ္။ အၿငင္းအခုန္ေတြလည္း နည္းမယ္။ တစ္ဖက္လူကလည္း ကုိယ္အေသအခ်ာ နားေထာင္ေနတာကို ၾကည္႔ရင္း ကုိယ့္ရဲ႔ ေလးနက္မႈနဲ႔ အာရံုစူးစုိက္မႈကို ခန္႔မွန္းမိသြားလိမ့္မယ္။
၃။ ကုိယ္လိုခ်င္တာကို ၿပတ္ၿပတ္သားသားေၿပာပါ
Assertive personality သမားေတြဟာ ကုိယ္နဲ႔အတူတြဲလုပ္တဲ့လူေတြဆီက ဘာလုိခ်င္တယ္၊ ဘယ္ေတာ့ အၿပီးလုပ္ေပးေစခ်င္တယ္ ဒါေတြကို ရွင္းရွင္းလင္းလင္း ေၿပာၿပတတ္ၾကတယ္။ သူတို႔ရဲ႔ လြဲေခ်ာ္မႈေတြကိုလည္း ဆူပူမာန္မဲတာမ်ိဳး မဟုတ္ဘဲ ၿပင္ေစခ်င္တဲ့ အဓိကအခ်က္ေတြကို ေထာက္ၿပႏုိင္ၾကတယ္။ ေ၀့၀ုိက္မေနဘူး၊ ေၿပာဖုိ႔ကို အားနာေန၊ ၀န္ေလးေနတာမ်ိဳးလည္း မရွိဘူး။ အစည္းအေ၀းေတြ တက္တဲ့အခါ၊ ညွိႏိႈင္းမႈေတြ လုပ္ရတဲ့အခါမွာလည္း ဒီလုိ Assertive personality မ်ိဳးရွိဖို႔ အေရးၾကီးတယ္။
၄။ ၿငင္းတတ္ပါေစ
NO ဆုိတဲ့စကားလံုးကို ဒီအေၿခအေန (၃)မ်ိဳးမွာ မၿဖစ္မေန ေၿပာပါ။
-ကုိယ္ လုပ္ေပးႏုိင္မွာမဟုတ္တဲ့ အလုပ္တာ၀န္ေတြကို တစ္ေယာက္ေယာက္က ခြဲေ၀ေပးလာတဲ့အခါ ၿငင္းပါ။ မဟုတ္ရင္ အဲဒီအလုပ္လည္း မၿပီး၊ ကုိယ့္ရဲ႔ အဓိကအလုပ္လည္း မၿပီး၊ သူနဲ႔လည္း မ်က္ႏွာပ်က္ရမယ္၊ ကုိယ္လည္း တာ၀န္မေက်ရာ ေရာက္သြားပါလိမ့္မယ္။
-မၿဖစ္ႏုိင္တဲ့ Deadline ကို ခ်ေပးလာတဲ့အခါမွာ ၿငင္းပါ။
တစ္ပတ္ေလာက္လုပ္မွ ရမယ့္အလုပ္ကုိ ဒီညေန အၿပီးလုိခ်င္တယ္ ေၿပာလာရင္ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ဟုတ္ကဲ့ လုပ္မလာပါနဲ႔။ အလုပ္ပမာဏကို ေသခ်ာစစ္ပါ၊ ကုိယ္ ဒါကိုၿပီးဖုိ႔ အခ်ိန္ဘယ္ေလာက္လုိေၾကာင္း ၿပတ္ၿပတ္သားသား ေၿပာၿပခဲ့ပါ။
-တစ္ေယာက္ေယာက္က ကုိယ့္ကို သူ႔ကုိယ္က်ိဳးအတြက္ အသံုးခ်ေနတဲ့အခါတုိင္းမွာ ၿငင္းပါ
အန္တီစုေၿပာတဲ့ အသံုးခ်လို႔ရတယ္ ဆုိတာ တုိင္းၿပည္အက်ိဳးအတြက္မို႔ပါ။ သူတို႔အက်ိဳးစီးပြါးအတြက္ ကၽြန္မကို အသံုးခ်ပါ လို႔ ေၿပာခဲ့တာမဟုတ္ပါဘူး။ အဖြဲ႔အစည္းအက်ိဳးအတြက္ တတ္ႏုိင္တဲ့ေနရာက ၀င္ပါပါ။ ဒါေပမယ့္ လုပ္ရေတာ့ ကုိယ္၊ နာမည္ေကာင္းယူေတာ့ သူ ၿဖစ္ေနခဲ့မယ္ဆုိရင္ အဲဒါကုိ ၿငင္းပယ္ႏုိင္ေအာင္ ၾကိဳးစားပါ။
၅။ ေ၀ဖန္မႈေတြကို အေကာင္းဆံုးရင္ဆုိင္ပါ
ခုတစ္ေလာေလးမွာ အရမ္းေရပန္းစားေနတဲ့ အႏုပညာရွင္ႏွစ္ေယာက္ကုိ ၾကည္႔လုိက္ပါ။ အားေပးတာ အားမေပးတာထက္ အတုယူသင့္တာ ရွိပါတယ္။ ဘာလဲဆုိေတာ့ ေ၀ဖန္မႈေတြကို အေကာင္းဆံုးတံု႔ၿပန္ႏုိင္ၿခင္းပါ။ Aggressive ၿဖစ္တဲ့လူဆုိ ေ၀ဖန္သူေတြကို ရန္ၿပန္ၿဖစ္မယ္၊ ဆဲမယ္ဆုိမယ္၊ Passive သမားေတြက အေ၀ဖန္မခံႏုိင္လို႔ လုပ္မယ့္အလုပ္ကုိ ေနာက္ဆုတ္လိုက္လိမ့္မယ္။ အခုလို အေကာင္းဆံုးေၿဖရွင္းႏုိင္ခဲ့တဲ့အခါက်ေတာ့ ေ၀ဖန္မႈေတြက ပုိလို႔နာမည္ၾကီးေအာင္ လုပ္ေပးလုိက္သလိုေတာင္ ၿဖစ္သြားပါေသးတယ္။
အေ၀ဖန္မခံရတဲ့သူဆုိတာ ေလာကမွာ မရွိဘူး။ Celebrity မွ မဟုတ္ဘူး၊ ကုိယ့္ဟာကုိယ္ လမ္းၿဖတ္သြားရင္ေတာင္ ၀တ္စားထားတာကလည္း ဘယ္လိုၾကီး ဆုိၿပီး လူေတြက ေ၀ဖန္ေနၾကတာ။ ေနာက္ၿပီး အေ၀ဖန္မခံရရင္လည္း မတုိးတက္ဘူး။ ဘာလို႔ဆုိေတာ့ ကုိယ့္ဟာကုိယ္ ဘာမွားေနမွန္း မသိေတာ့လို႔။ ဒါေၾကာင့္ အေ၀ဖန္ခံပါ၊ ေကာင္းတဲ့ေ၀ဖန္မႈေတြကို (သူတုိ႔က ဘယ္ေလာက္ရုိင္းရုိင္းေၿပာပါေစဦးေတာ့၊ ကုိယ့္အတြက္ အသံုးတည္႔ရင္) ယူလိုက္ပါ၊ သက္ဆိုင္မႈမရွိဘဲ သူတုိ႔ရဲ႔ တၿခားက မေက်နပ္ခ်က္ေတြကို ေပါက္ကြဲခ်င္လုိ႔ ကိုယ့္ကုိလာဆဲဆုိေနတာမ်ိဳးေတြကုိေတာ့ လ်စ္လ်ဴရႈလိုက္ပါ။
၆။ ၿပတ္သားတဲ့ ရည္မွန္းခ်က္ရွိပါေစ
ေဘာလံုးသမားေတြကုိ ၾကည္႔လိုက္ပါ။ ကမာၻ႔အေကာင္းဆံုး ၿဖစ္ခ်င္တဲ့ ကစားသမားဟာ ကမာၻ႔အေကာင္းဆံုးဆုိတဲ့ ကလပ္အသင္းေတြမွာ ကစားမွ အခြင့္အလမ္းပိုမ်ားပါမယ္။ ဒါေၾကာင့္ သူတုိ႔ဟာ အခြင့္အလမ္းေပၚလာတဲ့အခါ အားနာမေနဘူး၊ အသင္းေၿပာင္းခြင့္ေတာင္းတယ္၊ တကယ္လည္း ေၿပာင္းတယ္၊ လစာကိုလည္း ၿမိဳးၿမိဳးၿမက္ၿမက္ ေတာင္းတယ္၊ အဲဒီလစာနဲ႔တန္ေအာင္လည္း ၾကိဳးစားတယ္။
အဖြဲ႔အစည္းကလည္း ကိုယ့္ကို မလိုအပ္ေတာ့ရင္ အားနာလို႔ဆုိၿပီး လစာအလကား ေပးမထားပါဘူး။ ကုိယ့္ထက္သာတဲ့ ၀န္ထမ္းေတြ႔ရင္ ကိုယ့္ထက္ေနရာေပးမွာပဲ။ ဒါေၾကာင့္ ကုိယ္လည္း ဒီအဖြဲ႔ၾကီးကုိ ခ်စ္လွခ်ည္ရဲ႔ လုပ္ေနစရာ မလိုပါဘူး။ အဲဒါကုိ သစၥာရွိတယ္လည္း မခံယူပါဘူး။ တကယ္ေတာ့ သစၥာရွိတယ္ဆုိတာ ဒီအဖြဲ႔မွာ လုပ္ေနတုန္း မခုိမကပ္ အလုပ္လုပ္ေပးတာ၊ ယူထားတဲ့ လစာနဲ႔တန္ေအာင္ လုပ္ေပးတာမ်ိဳးကို ေခၚတာပါ။
ခုေၿပာခဲ့တဲ့ Assertive personality ဆိုတာ ေအာင္ၿမင္သူေတာ္ေတာ္မ်ားမ်ားမွာ ရွိေနတတ္တဲ့ စရုိက္လကၡဏာတစ္ခုၿဖစ္လုိ႔ ကိုယ့္ဆီမွာရွိေနေအာင္လည္း ၿပင္ဆင္ထားသင့္ပါတယ္။
ေဒါက္တာၿဖိဳးသီဟ
၃၁.၈.၂၀၁၆
