Child Tips| အဓမ္မပြုကျင့်မှုတစ်ခု ကြုံရတဲ့အခါ

|How to solve when faced with rape cases (MM)

|အဓမ္မပြုကျင့်မှုတစ်ခု ကြုံရတဲ့အခါ

Unicode

အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ (Prevention) နဲ့ ဖြစ်လာခဲ့ရင် တုန့်ပြန်ဆောင်ရွက်ဖို့ (Response) ဆိုတဲ့ အပိုင်း ၂ ပိုင်းရှိပါတယ်၊၊ ကာကွယ်ဖို့ဟာ လတ်တလောအနေအထားအရ ခက်ခဲနေသေးတဲ့အချိန်မှာ ဖြစ်လာခဲ့ရင် ကိုယ်ဝန်ရတာလို၊ ရောဂါပိုးတွေကူးစက်တာလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင်တော့ တုံ့ပြန်ဆောင်ရွက်လို့ ရနိုင်ပါတယ်၊၊

အဓမ္မပြုကျင့်ခံရသူတစ်ယောက်မှာ ဘာလိုအပ်ချက်တွေ ရှိနေသလဲ စဉ်းစားကြည့်ရအောင်…

ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အားပေးကူညီမှုများ၊ တရားဥပဒေအကာအကွယ်နဲ့ လုံခြုံရေးလိုအပ်ချက်တွေ ရှိနေနိုင်ပါတယ်၊၊ ဒါတွေကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းက မဆောင်ရွက်နိုင်ပါဘူး၊၊ အားလုံးပူးပေါင်းဆောင်ရွက်မှ ရမှာပါ၊၊

ဒီထဲကမှ အရေးကြီးဆုံးလည်းဖြစ်၊ ဘယ်သူ့အကူအညီမှလည်း မလိုတဲ့အပြင် အင်မတန်မှလည်း အကျိုးများနိုင်တာတစ်ခုကို ပြောပါမယ်၊၊ အဲဒါကတော့ “အရေးပေါ်ကိုယ်ဝန်တားဆေး” သောက်ဖို့ပါပဲ၊၊ ဆေး၂လုံးပါပါတယ်၊ ၂လုံးစလုံးကို တစ်ပြိုင်နက်တည်း သောက်ရမှာဖြစ်ပြီး ၂နာရီအတွင်း အန်ထွက်ခဲ့ရင် ထပ်သောက်ဖို့ လိုပါမယ်၊၊ (ခုနောက်ပိုင်းမှာ တစ်လုံးတည်းပါတဲ့ ဆေးကဒ်တွေလည်း ပေါ်နေပါပြီ)

အဓမ္မပြုကျင့်ခံရအပြီး ၅ရက်အတွင်း သောက်ရမှာပါ၊ စောစောသောက်လေ အာနိသင်ပိုကောင်းလေပါပဲ၊၊ ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ ရာသီပုံမမှန်ဖြစ်တာမျိုး ရှိတတ်ပါတယ်၊၊ ဘယ်လိုအမျိုးသမီးမဆို အသုံးပြုလို့ ရပါတယ်။ အကယ်၍များ အဓမ္မပြုကျင့်ခံရသူဟာ အိမ်ထောင်သည်ဖြစ်နေလို့ နဂိုကတည်းက ကိုယ်ဝန်ရှိနေခဲ့ရင်လည်း ထိခိုက်မလား စိတ်ပူစရာ မလိုပါဘူး။ မရသေးတဲ့ ကိုယ်ဝန်ကိုသာ တားပေးတာ ဖြစ်ပြီး ရပြီးသားကိုယ်ဝန်ကိုတော့ ဘာပြဿနာမှ မပေးပါဘူး။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့ အမျိုးသမီးအယောက်တစ်ရာမှာ ဒီဆေးကို မသောက်ရင် ကိုယ်ဝန်ရတဲ့သူအရေအတွက်က (၈)ယောက်ရှိပါတယ်။ ဒီဆေးကိုသောက်လိုက်ရင်တော့ အယောက်တစ်ရာမှာ (၁)ယောက်သာ ကိုယ်ဝန်ရနိုင်ပါတယ်။ ဒါကြောင့် ဒီဆေးရဲ့ ထိရောက်မှုက ၈၇% ရှိတယ်လို့ ဆိုကြပါတယ်။

သောက်ဆေးအပြင် အရေးပေါ်ကိုယ်ဝန်တားတဲ့အနေနဲ့ နောက်ထပ်လုပ်လို့ရတဲ့ နည်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သားအိမ်တွင်းထည့်ပစ္စည်း ထည့်တာပါပဲ။ ဒါကတော့ ပြုကျင့်ခံရသူဟာ အိမ်ထောင်သည်ဖြစ်ခဲ့မယ်၊ ဆက်ပြီးလည်း နှစ်ရှည်ကိုယ်ဝန်တားဖို့ လိုတယ်ဆိုရင် အသုံးပြုလို့ရနိုင်ပါတယ်။ သူကတော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းက ဝန်ဆောင်မှုပေးမှ သုံးလို့ရနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

နောက်ထပ်သိစေချင်တာက လတ်တလော အတွေ့ရများနေတဲ့ သက်ငယ်မုဒိမ်းမှုတွေမှာရော အပျိုမဖြစ်သေးတဲ့ ကလေးတွေအနေနဲ့ ဒီလို အရေးပေါ်ကိုယ်ဝန်ဆေးသောက်ဖို့ လိုသလား ဆိုတာပါပဲ။

မိန်းကလေးတစ်ယောက် ရာသီသွေးစလာပြီဆိုရင် အပျိုဖြစ်ပြီလို့ သတ်မှတ်ကြပါတယ်၊၊ မပေါ်သေးရင်တော့ မဖြစ်သေးဘူးပေါ့၊၊ ဒါဆို ဒီဆေးသောက်ဖို့ ဘယ်လိုမလဲ ထင်တတ်ကြတယ်၊၊ အမှန်တော့ မဟုတ်ပါဘူး၊ ဆေးသောက်ဖို့ လိုပါတယ်၊၊

ရှင်းပြပါမယ်၊၊ မိန်းကလေးတစ်ယောက် အပျိုဖြစ်ပြီဆို သူ့ခန္ဓာကိုယ်ထဲမှာ မမျိုးဥ စပြီးကြွေပါတယ်၊၊ အဲဒီကြွေလိုက်တဲ့ မမျိုးဥက ယောကျာ်းဆီက သုက်ပိုးနဲ့ပေါင်းလိုက်ရင် သန္ဓေအောင်သွားပြီး ကိုယ်ဝန်ရပါတယ်၊၊ အဲဒီလို သန္ဓေအောင်သွားခဲ့ရင် သန္ဓေတည်ဖို့အဆင်သင့်ဖြစ်နေအောင် ဆိုပြီး သားအိမ်နံရံက ထူထားပေးရပါတယ်၊၊

အကယ်၍များ လိင်ဆက်ဆံမှု မရှိလို့ သုက်ပိုးက ဝင်မလာဘူးဆိုရင်တော့ အဲဒီမမျိုးဥလေးက သေသွားပါတယ်၊၊ သူသေသွားပြီဆိုတာနဲ့ ခုနက သန္ဓေတည်ရင်အဆင်သင့်ဖြစ်နေအောင် ထူထားပေးတဲ့ သားအိမ်နံရံတွေကလည်း မလိုအပ်တော့တဲ့အတွက် ကွာကျလာပါတယ်၊၊ အဲဒါကို ရာသီလာတယ် ခေါ်တာပါ၊၊

အပြင်မှာ သွေးဆင်းလာတာကို လူကသတိမထားမိခင် ခန္ဓာကိုယ်ထဲမှာ မမျိုးဥက အရင်ကြွေတာပါ၊၊ သူကြွေပြီးသေသွားမှ ရာသီသွေးစပေါ်တာ၊ ဒီတော့မှ မိန်းကလေးက ငါအပျိုဖြစ်ပြီဆိုပြီး သိတာပေါ့၊၊ အထဲမှာ မမျိုးဥကြွေနေတာ သူမသိပါဘူး၊၊

ဒီတော့ ဆိုပါစို့၊ မိန်းကလေးတစ်ယောက်ဟာ ဒီလမှာ အပျိုစဖြစ်မယ်၊ သူ့ခန္ဓာကိုယ်ထဲမှာ မမျိုးဥကြွေနေပြီ၊ လိင်ဆက်ဆံမှုသာ မရှိရင် ဒီလမှာ သူသွေးစပေါ်မယ်၊၊ အပြင်ပန်းကကြည့်ရင်တော့ သူ အပျိုမဖြစ်သေးဘူး၊ ကလေးပဲရှိသေးတယ်၊၊

ကံဆိုးစွာနဲ့ အဲဒီလို ပထမဆုံးမမျိုးဥကြွေချိန်မှာပဲ အဓမ္မကျင့်ခံလိုက်ရမယ်ဆိုရင် ရာသီမပေါ်ဖူးသေးဘဲနဲ့ တစ်ခါတည်း ကိုယ်ဝန်ရသွားနိုင်ပါတယ်၊၊ ဒါကြောင့် မိန်းကလေးက သွေးမပေါ်သေးဘူး၊ အပျိုမဖြစ်သေးဘူးဆိုတိုင်း ပေါ့လို့မရပါဘူး၊၊ ကံဆိုးစွာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားခဲ့ရင် အန္တရယ်ကြီးပါတယ်၊၊ နောက်ဆက်တွဲပြဿနာ များပါတယ်၊၊ အဲဒီအတွက် ဘေးထွက်ဆိုးကျိုးနည်းပြီး သုံးရလည်းလွယ်တဲ့ ဒီဆေးကို သတိကြီးကြီးနဲ့ တိုက်လိုက်တာ မမှားပါဘူး၊၊ သိပ်ငယ်တဲ့အရွယ်ဆို မလိုအပ်ပေမယ့် အသက်(၁၀)နှစ်ကစပြီး တိုက်ဖို့ လိုပါလိမ့်မယ်၊၊

အနှစ်ပြန်ချုပ်ရရင် အဓမ္မပြုကျင့်ခံရမှုကနေ ကိုယ်ဝန်ရမသွားဖို့အတွက် အရေးပေါ်ကိုယ်ဝန်တားဆေးကို ၅ရက်အတွင်း သောက်ရပါမယ်၊၊ မိန်းကလေးတွေကိုယ်တိုင်မှာ ဒီအသိ ရှိထားဖို့ လိုပါတယ်၊၊ ကလေးတွေကိစ္စမှာတော့ ဒီလိုကိစ္စ ဖြစ်သွားကြောင်း ၅ ရက်အတွင်းသိဖို့ဟာ အင်မတန်အရေးကြီးတာမို့ ကလေးကို တခုခုဖြစ်တာနဲ့ မိဘကို၊ အုပ်ထိန်းသူကို ဖွင့်ပြောအောင် သေသေချာချာ မှာထားဖို့ လိုပါမယ်၊၊

ဒေါက်တာ ဖြိုးသီဟ

၁၉.၁၁.၂၀၁၆

Zawgyi

အဓမၼျပဳက်င့္မႈေတြနဲ႔ ပတ္သက္ၿပီး ကာကြယ္ဖို႔ (Prevention) နဲ႔ ျဖစ္လာခဲ့ရင္ တုန္႕ျပန္ေဆာင္ရြက္ဖို႔ (Response) ဆိုတဲ့ အပိုင္း ၂ ပိုင္းရွိပါတယ္၊၊ ကာကြယ္ဖို႔ဟာ လတ္တေလာအေနအထားအရ ခက္ခဲေနေသးတဲ့အခ်ိန္မွာ ျဖစ္လာခဲ့ရင္ ကိုယ္ဝန္ရတာလို၊ ေရာဂါပိုးေတြကူးစက္တာလို ေနာက္ဆက္တြဲျပႆနာေတြ ျဖစ္မလာေအာင္ေတာ့ တုံ႔ျပန္ေဆာင္ရြက္လို႔ ရနိုင္ပါတယ္၊၊

အဓမၼျပဳက်င့္ခံရသူတစ္ေယာက္မွာ ဘာလိုအပ္ခ်က္ေတြ ရွိေနသလဲ စဥ္းစားၾကည္႔ရေအာင္…

က်န္းမာေရးေစာင့္ေရွာက္မႈ၊ စိတ္ပိုင္းဆိုင္ရာ၊ လူမႈေရးပိုင္းဆိုင္ရာ အားေပးကူညီမႈမ်ား၊ တရားဥပေဒအကာအကြယ္နဲ႔ လုံျခဳံေရးလိုအပ္ခ်က္ေတြ ရွိေနနိုင္ပါတယ္၊၊ ဒါေတြကို တစ္ဦးတစ္ေယာက္၊ အဖြဲ႔အစည္းတစ္ခုတည္းက မေဆာင္ရြက္နိုင္ပါဘူး၊၊ အားလုံးပူးေပါင္းေဆာင္ရြက္မွ ရမွာပါ၊၊

ဒီထဲကမွ အေရးႀကီးဆုံးလည္းျဖစ္၊ ဘယ္သူ႔အကူအညီမွလည္း မလိုတဲ့အျပင္ အင္မတန္မွလည္း အက်ိဳးမ်ားနိုင္တာတစ္ခုကို ေျပာပါမယ္၊၊ အဲဒါကေတာ့ “အေရးေပၚကုိယ္၀န္တားေဆး” ေသာက္ဖို႔ပါပဲ၊၊ ေဆး၂လုံးပါပါတယ္၊ ၂လုံးစလုံးကို တစ္ၿပိဳင္နက္တည္း ေသာက္ရမွာျဖစ္ၿပီး ၂နာရီအတြင္း အန္ထြက္ခဲ့ရင္ ထပ္ေသာက္ဖို႔ လိုပါမယ္၊၊ (ခုေနာက္ပိုင္းမွာ တစ္လုံးတည္းပါတဲ့ ေဆးကဒ္ေတြလည္း ေပၚေနပါၿပီ)

အဓမၼျပဳက်င့္ခံရအၿပီး ၅ရက္အတြင္း ေသာက္ရမွာပါ၊ ေစာေစာေသာက္ေလ အာနိသင္ပိုေကာင္းေလပါပဲ၊၊ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ေတာ့ ရာသီပုံမမွန္ျဖစ္တာမ်ိဳး ရွိတတ္ပါတယ္၊၊ ဘယ္လိုအမ်ိဳးသမီးမဆို အသုံးျပဳလို႔ ရပါတယ္။ အကယ္၍မ်ား အဓမၼၿပဳက်င့္ခံရသူဟာ အိမ္ေထာင္သည္ၿဖစ္ေနလို႔ နဂုိကတည္းက ကုိယ္၀န္ရွိေနခဲ့ရင္လည္း ထိခုိက္မလား စိတ္ပူစရာ မလိုပါဘူး။ မရေသးတဲ့ ကုိယ္၀န္ကုိသာ တားေပးတာ ၿဖစ္ၿပီး ရၿပီးသားကိုယ္၀န္ကုိေတာ့ ဘာၿပႆနာမွ မေပးပါဘူး။ အကာအကြယ္မဲ့လိင္ဆက္ဆံၿပီးတဲ့ အမ်ိဳးသမီးအေယာက္တစ္ရာမွာ ဒီေဆးကုိ မေသာက္ရင္ ကုိယ္၀န္ရတဲ့သူအေရအတြက္က (၈)ေယာက္ရွိပါတယ္။ ဒီေဆးကုိေသာက္လုိက္ရင္ေတာ့ အေယာက္တစ္ရာမွာ (၁)ေယာက္သာ ကုိယ္၀န္ရႏုိင္ပါတယ္။ ဒါေၾကာင့္ ဒီေဆးရဲ႕ ထိေရာက္မႈက ၈၇% ရွိတယ္လို႔ ဆုိၾကပါတယ္။

ေသာက္ေဆးအၿပင္ အေရးေပၚကုိယ္၀န္တားတဲ့အေနနဲ႔ ေနာက္ထပ္လုပ္လို႔ရတဲ့ နည္းတစ္ခု ရွိပါေသးတယ္။ အဲဒါကေတာ့ သားအိမ္တြင္းထည္႔ပစၥည္း ထည္႔တာပါပဲ။ ဒါကေတာ့ ၿပဳက်င့္ခံရသူဟာ အိမ္ေထာင္သည္ၿဖစ္ခဲ့မယ္၊ ဆက္ၿပီးလည္း ႏွစ္ရွည္ကုိယ္၀န္တားဖုိ႔ လိုတယ္ဆုိရင္ အသံုးၿပဳလို႔ရႏုိင္ပါတယ္။ သူကေတာ့ ကၽြမ္းက်င္တဲ့ က်န္းမာေရး၀န္ထမ္းက ၀န္ေဆာင္မႈေပးမွ သံုးလို႔ရႏုိင္တဲ့ နည္းလမ္းၿဖစ္ပါတယ္။

ေနာက္ထပ္သိေစခ်င္တာက လတ္တေလာ အေတြ႔ရမ်ားေနတဲ့ သက္ငယ္မုဒိမ္းမႈေတြမွာေရာ အပ်ိဳမျဖစ္ေသးတဲ့ ကေလးေတြအေနနဲ႔ ဒီလို အေရးေပၚကုိယ္၀န္ေဆးေသာက္ဖို႔ လိုသလား ဆုိတာပါပဲ။

မိန္းကေလးတစ္ေယာက္ ရာသီေသြးစလာၿပီဆိုရင္ အပ်ိဳျဖစ္ၿပီလို့ သတ္မွတ္ၾကပါတယ္၊၊ မေပၚေသးရင္ေတာ့ မျဖစ္ေသးဘူးေပါ့၊၊ ဒါဆို ဒီေဆးေသာက္ဖို႔ ဘယ္လိုမလဲ ထင္တတ္ၾကတယ္၊၊ အမွန္ေတာ့ မဟုတ္ပါဘူး၊ ေဆးေသာက္ဖို႔ လိုပါတယ္၊၊

ရွင္းျပပါမယ္၊၊ မိန္းကေလးတစ္ေယာက္ အပ်ိဳျဖစ္ၿပီဆို သူ႔ခႏၶာကိုယ္ထဲမွာ မမ်ိဳးဥ စၿပီးေႂကြပါတယ္၊၊ အဲဒီေႂကြလိုက္တဲ့ မမ်ိဳးဥက ေယာက်ာ္းဆီက သုက္ပိုးနဲ႔ေပါင္းလိုက္ရင္ သေႏၶေအာင္သြားျပီး ကိုယ္ဝန္ရပါတယ္၊၊ အဲဒီလို သေႏၶေအာင္သြားခဲ့ရင္ သေႏၶတည္ဖို႔အဆင္သင့္ျဖစ္ေနေအာင္ ဆိုၿပီး သားအိမ္နံရံက ထူထားေပးရပါတယ္၊၊

အကယ္၍မ်ား လိင္ဆက္ဆံမႈ မရွိလို႔ သုက္ပိုးက ဝင္မလာဘူးဆိုရင္ေတာ့ အဲဒီမမ်ိဳးဥေလးက ေသသြားပါတယ္၊၊ သူေသသြားၿပီဆိုတာနဲ႔ ခုနက သေႏၶတည္ရင္အဆင္သင့္ျဖစ္ေနေအာင္ ထူထားေပးတဲ့ သားအိမ္နံရံေတြကလည္း မလိုအပ္ေတာ့တဲ့အတြက္ ကြာက်လာပါတယ္၊၊ အဲဒါကို ရာသီလာတယ္ ေခၚတာပါ၊၊

အျပင္မွာ ေသြးဆင္းလာတာကို လူကသတိမထားမိခင္ ခႏၶာကိုယ္ထဲမွာ မမ်ိဳးဥက အရင္ေႂကြတာပါ၊၊ သူေႂကြၿပီးေသသြားမွ ရာသီေသြးစေပၚတာ၊ ဒီေတာ့မွ မိန္းကေလးက ငါအပ်ိဳျဖစ္ၿပီဆိုၿပီး သိတာေပါ့၊၊ အထဲမွာ မမ်ိဳးဥေႂကြေနတာ သူမသိပါဘူး၊၊

ဒီေတာ့ ဆိုပါစို႔၊ မိန္းကေလးတစ္ေယာက္ဟာ ဒီလမွာ အပ်ိဳစျဖစ္မယ္၊ သူ႔ခႏၶာကိုယ္ထဲမွာ မမ်ိဳးဥေႂကြေနၿပီ၊ လိင္ဆက္ဆံမႈသာ မရွိရင္ ဒီလမွာ သူေသြးစေပၚမယ္၊၊ အျပင္ပန္းကၾကည့္ရင္ေတာ့ သူ အပ်ိဳမျဖစ္ေသးဘူး၊ ကေလးပဲရွိေသးတယ္၊၊

ကံဆိုးစြာနဲ႔ အဲဒီလို ပထမဆုံးမမ်ိဳးဥေႂကြခ်ိန္မွာပဲ အဓမၼက်င့္ခံလိုက္ရမယ္ဆိုရင္ ရာသီမေပၚဖူးေသးဘဲနဲ႔ တစ္ခါတည္း ကိုယ္ဝန္ရသြားနိုင္ပါတယ္၊၊ ဒါေၾကာင့္ မိန္းကေလးက ေသြးမေပၚေသးဘူး၊ အပ်ိဳမျဖစ္ေသးဘူးဆိုတိုင္း ေပါ့လို႔မရပါဘူး၊၊ ကံဆိုးစြာနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ ျဖစ္သြားခဲ့ရင္ အႏၲရယ္ႀကီးပါတယ္၊၊ ေနာက္ဆက္တြဲျပႆနာ မ်ားပါတယ္၊၊ အဲဒီအတြက္ ေဘးထြက္ဆိုးက်ိဳးနည္းၿပီး သုံးရလည္းလြယ္တဲ့ ဒီေဆးကို သတိႀကီးႀကီးနဲ႔ တိုက္လိုက္တာ မမွားပါဘူး၊၊ သိပ္ငယ္တဲ့အရြယ္ဆို မလိုအပ္ေပမယ့္ အသက္(၁၀)နွစ္ကစၿပီး တိုက္ဖို႔ လိုပါလိမ့္မယ္၊၊

အနွစ္ျပန္ခ်ဳပ္ရရင္ အဓမၼျပဳက်င့္ခံရမႈကေန ကိုယ္ဝန္ရမသြားဖို႔အတြက္ အေရးေပၚကိုယ္ဝန္တားေဆးကို ၅ရက္အတြင္း ေသာက္ရပါမယ္၊၊ မိန္းကေလးေတြကိုယ္တိုင္မွာ ဒီအသိ ရွိထားဖို႔ လိုပါတယ္၊၊ ကေလးေတြကိစၥမွာေတာ့ ဒီလိုကိစၥ ျဖစ္သြားေၾကာင္း ၅ ရက္အတြင္းသိဖို႔ဟာ အင္မတန္အေရးႀကီးတာမို႔ ကေလးကို တခုခုျဖစ္တာနဲ႔ မိဘကို၊ အုပ္ထိန္းသူကို ဖြင့္ေျပာေအာင္ ေသေသခ်ာခ်ာ မွာထားဖို႔ လိုပါမယ္၊၊

ေဒါက္တာ ၿဖိဳးသီဟ

၁၉.၁၁.၂၀၁၆

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.