
Unicode
|ဘဲဥအချဉ်ဆီပြန်
ဘဲဥ ကြိုက်တော့ ချက်တဲ့အခါတိုင်း နည်းလမ်းလေးတွေစဉ်းစားရတယ်။ ဘဲဥကလယ်ချက်၊ ဘဲဥငံပြာရည်ချက် ၊ ဘဲဥအချဉ်ဟင်းစသည်ဖြင့်ပေါ့။
ဘဲဥကအသားကျစ်တော့ ချက်စားရတာ အရသာရှိတယ်။ ကြက်ဥအသားက ပွတော့ ကြက်ဥမွှေကြော် ၊ ကြက်ဥပေါင်း စသည်ဖြင့်ပေါ့ပါးတဲ့ပုံစံလေးတွေနဲ့လိုက်ဖက်တယ်။
ဒီတစ်ခါတော့ အစပ်လဲမပါ ၊ မဆလာလဲမပါပဲ ရနံ့မွှေးမွှေးလေးနဲ့ဘဲဥအချဉ်ဆီပြန်လေးချက်ထားပါတယ်။အချဉ်ဆီပြန်ဆိုပေမယ့် အရမ်းချဉ်တာမဟုတ်ပဲ ချို ချဉ်လေး။
ပါဝင်ပစ္စည်းများ
ဘဲဥ……………………..၆လုံး
ကြက်သွန်နီ…………….၁ လုံး
ကြက်သွန်ဖြူ……………. ၄တက်
ခရမ်းချဉ်သီးမှည့်မှည့်…..၄လုံး
မန်ကျည်းသီး…………….ဇီးဖြူ သီးလုံးခန့်
ငရုတ်လှော်မှုန့်…………. လက်ဖက်စား၁ဇွန်း
ရှမ်းနံနံ…………………..၂ပင်
ပထမဆုံး ဘဲဥကိုပြုတ်ပြီး ရေအေးစိမ်အခွံခွာကာပတ်လည်ကို ဓားပါးလေးဖြင့် ငါးချက်ခန့်မွှန်းထားပါ။
ကြက်သွန်နီ ၊ ဖြူ ကို အရောင်တင်မှုန့် ၊နနွင်းမှုန့်တို့ဖြင့်ညှက်နေအောင်ထောင်းပါ။
ခရမ်းချဉ်သီးကိုနုပ်နုပ်စဉ်းပြီး မန်ကျည်းမှည့်ကိုရေနွေးလေးဖြင့်ဖျော်ထားပါ။ ရှမ်းနံနံကိုလဲ
ခပ်ပါးပါးလှီးထားပါ။
ဒယ်အိုးတစ်လုံးကို ဆီအနည်းငယ်ဖြင့်ထောင်းထားသောအရောကိုဆီသပ်ပါ။
မွှေးလာလျှင် ခရမ်းချဉ်သီးတွေထည့်ပါ။ ဆား၊သကြား ၊ ကြက်သားမှုန့် ၊ ငါးငံပြာရည်တို့ကို
အချိုးညီညီထည့်ကာ အဖုံးအုပ်ထားပါ။
ရေခမ်းဆီပြန်လာ လျှင် ငရုတ်သီးလှော်မှုန့်ကိုမွှေးရုံသာထည့်ပါ။ ရေနွေးစိမ်ထားတဲ့မန်ကျည်းသီးမှည့်လေးကိုအနှစ်ဖျော်ပြီးထည့်ပါ။
ဘဲဥတွေထည့် ပြီး ရေ လက်ဖက်ရည်တစ်ပန်းကန်လုံးစာထည့်ပြီး အဖုံးအုပ်ထားပါ။
အထက်ပါရေပမာဏ ခမ်းပြီးဆီပြန်သွားပြီဆိုရင်ဘဲဥတွေဟာတင်းကျစ်တဲ့အနေအထားရောက်ပါပြီ (အရမ်းမာသွားရင်လဲစားမကောင်းပြန်ဘူး)
ဆီဖျင်းဖျင်းလေးပြန်လာရင် ရှမ်းနံနံလေးတွေထည့်ပြီး ဖိုပေါ်မှ ချပါ။
- Photoshop Tips| Logo ကောင်းတစ်ခုဖြစ်ဖို့ ဆိုရင်…
- Photoshop Tutorial| တက်တူးထည့်မယ်
- Photoshop Tutorial| ချစ်စရာကောင်းအောင် ခြစ်မယ်
- Photoshop Tutorial| အို….. အရိပ်လေးရယ်
- တက္ကသိုလ်မေဂျာကို ဘယ်လိုရွေးချယ်ကြမလဲ

Zawgyi
ဘဲဥအခ်ဥ္ဆီျပန္နည္း
°°°°°°°°°°°°°°°
ဘဲဥ ႀကိဳက္ေတာ့ ခ်က္တဲ့အခါတိုင္း နည္းလမ္းေလးေတြစဥ္းစားရတယ္။ ဘဲဥကလယ္ခ်က္၊ ဘဲဥငံျပာရည္ခ်က္ ၊ ဘဲဥအခ်ဥ္ဟင္းစသည္ျဖင့္ေပါ့။
ဘဲဥကအသားက်စ္ေတာ့ ခ်က္စားရတာ အရသာရွိတယ္။ ၾကက္ဥအသားက ပြေတာ့ ၾကက္ဥေမႊေၾကာ္ ၊ ၾကက္ဥေပါင္း စသည္ျဖင့္ေပါ့ပါးတဲ့ပုံစံေလးေတြနဲ႔လိုက္ဖက္တယ္။
ဒီတစ္ခါေတာ့ အစပ္လဲမပါ ၊ မဆလာလဲမပါပဲ ရနံ႔ေမႊးေမႊးေလးနဲ႔ဘဲဥအခ်ဥ္ဆီျပန္ေလးခ်က္ထားပါတယ္။အခ်ဥ္ဆီျပန္ဆိုေပမယ့္ အရမ္းခ်ဥ္တာမဟုတ္ပဲ ခ်ိဳ ခ်ဥ္ေလး။
ပါဝင္ပစၥည္းမ်ား
ဘဲဥ……………………..၆လုံး
ၾကက္သြန္နီ…………….၁ လုံး
ၾကက္သြန္ျဖဴ……………. ၄တက္
ခရမ္းခ်ဥ္သီးမွည့္မွည့္…..၄လုံး
မန္က်ည္းသီး…………….ဇီးျဖဴ သီးလုံးခန႔္
င႐ုတ္ေလွာ္မႈန႔္…………. လက္ဖက္စား၁ဇြန္း
ရွမ္းနံနံ…………………..၂ပင္
ပထမဆုံး ဘဲဥကိုျပဳတ္ၿပီး ေရေအးစိမ္အခြံခြာကာပတ္လည္ကို ဓားပါးေလးျဖင့္ ငါးခ်က္ခန႔္မႊန္းထားပါ။
ၾကက္သြန္နီ ၊ ျဖဴ ကို အေရာင္တင္မႈန႔္ ၊နႏြင္းမႈန႔္တို႔ျဖင့္ညႇက္ေနေအာင္ေထာင္းပါ။
ခရမ္းခ်ဥ္သီးကိုႏုပ္ႏုပ္စဥ္းၿပီး မန္က်ည္းမွည့္ကိုေရေႏြးေလးျဖင့္ေဖ်ာ္ထားပါ။ ရွမ္းနံနံကိုလဲ
ခပ္ပါးပါးလွီးထားပါ။
ဒယ္အိုးတစ္လုံးကို ဆီအနည္းငယ္ျဖင့္ေထာင္းထားေသာအေရာကိုဆီသပ္ပါ။
ေမႊးလာလွ်င္ ခရမ္းခ်ဥ္သီးေတြထည့္ပါ။ ဆား၊သၾကား ၊ ၾကက္သားမႈန႔္ ၊ ငါးငံျပာရည္တို႔ကို
အခ်ိဳးညီညီထည့္ကာ အဖုံးအုပ္ထားပါ။
ေရခမ္းဆီျပန္လာ လွ်င္ င႐ုတ္သီးေလွာ္မႈန႔္ကိုေမႊး႐ုံသာထည့္ပါ။ ေရေႏြးစိမ္ထားတဲ့မန္က်ည္းသီးမွည့္ေလးကိုအႏွစ္ေဖ်ာ္ၿပီးထည့္ပါ။
ဘဲဥေတြထည့္ ၿပီး ေရ လက္ဖက္ရည္တစ္ပန္းကန္လုံးစာထည့္ၿပီး အဖုံးအုပ္ထားပါ။
အထက္ပါေရပမာဏ ခမ္းၿပီးဆီျပန္သြားၿပီဆိုရင္ဘဲဥေတြဟာတင္းက်စ္တဲ့အေနအထားေရာက္ပါၿပီ (အရမ္းမာသြားရင္လဲစားမေကာင္းျပန္ဘူး)
ဆီဖ်င္းဖ်င္းေလးျပန္လာရင္ ရွမ္းနံနံေလးေတြထည့္ၿပီး ဖိုေပၚမွ ခ်ပါ။

[…] Cooking Success […]
LikeLike