Photography | Camera တွေအတွက် SDCard ကိုဘယ်လိုရွေးချယ်ဝယ်ယူမလဲ

Cameraတွေအတွက် SDCard ကိုဘယ်လိုရွေးချယ်ဝယ်ယူမလဲ

Camera အတွက် SD Card ဝယ်တော့မယ်ဆိုရင် SD card တွေနဲ့ပတ်သက်လို့သိထားရပါမယ်။ Micro SD card နဲ့ Normal SD cardဆိုပြီးနှစ်မျိုးရှိပါတယ်။ အခုကျွန်တော်တို့သုံးနေတဲ့ cameraတွေအားလုံးနီးပါဟာ Normal SD card slotသာပါဝင်တဲ့အတွက် micro SD card သုံးချင်တယ်ဆိုရင်တော့ Adapter နဲ့တွဲသုံးရပါမယ်။

SD cardတွေမှာ capacityအပေါ်မူတည်ပြီး

SD- secure digital
SDHC- secure digital high capacity
SDXC- secure digital xtra capacity

ဆိုပြီးခွဲခြားထားပါတယ်။SD cardတွေကအမျိုးအစားကွဲသလို file formatတွေကSD ( FAT 16), SDHC ( FAT 32), SDXC ( EX FAT )ဆိုပြီးကွဲပြားပါသေးတယ်။UHS l, ll, lllဆိုပြီးလည်းခွဲပါသေးတယ်။UHS lက104mb/sအောက်ကိုသတ်မှတ်တာပါ။ SDHC နဲ့ SDXCမှာ UHS lllဆို့ 400mb/sကျော်အထိရပါတယ်။2008ခုနှစ်နောက်ပိုင်းထုတ် cameraတွေက SDHC နဲ့သင့်တော်ပြီး၊ 2010နောက်ပိုင်းထုတ် cameraတွေအတွက်ကတော့ SDXC နဲ့သင့်တော်ပါတယ်။

Memory Cardဝယ်တော့မယ်ဆိုရင် maximum speed( transfer rate)ကိုပါကြည့်ပါ။ Brand တော်တော်များများက Lifetime warranty ပါကြပါတယ်။ ပိုကောင်းတဲ့ SD cardတွေက သာမန် cardတွေထက် read/write speedပိုမြန်တယ်ဆိုတာပြောစရာလိုမနေပါဘူး။ ဒီလို speedတွေမြန်တာတွေက ကျွန်တော်တို့ captureလုပ်တဲ့အခါ Cameraအပေါ်အကျိုးသက်ရောက်ပါတယ်။ cardတွေအပေါ်မှာရေးထားတဲ့ 60mb/s 90mb/sဆိုတာ card တွေရဲ့အမြင့်ဆုံး read/write speedပါ။ read/write speedမြန်တဲ့ cardတွေက resolutionကောင်းတဲ့ raw fileတွေကို လွယ်ကူလျင်မြန်စွာသိမ်းနိုင်ပါတယ်။

အကြံပေးချင်တာက Photography သမားတွေ SDHC ကို speedများတာဝယ်ပါ အနည်းဆုံး 95mb/sလောက်မှစိတ်ချရပါတယ်။ Videographyသမားတွေကတော့ SDXCကို storageများနိုင်သမျှဝယ်ပါ။

Reference

Pensen Facebook Page

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.