Photoshop Tutorial| ချစ်စရာကောင်းအောင် ခြစ်မယ်

ချစ်စရာကောင်းအောင် ခြစ်မယ်

ဒီ Tutorial က Photoshop Brush တွေ သုံးပြီး သင်ဖန်တီးထားတဲ့ ပုံလေးတွေကို ပိုပြီး ချစ်စရာကောင်းအောင် ဖန်တီးတဲ့နည်းပါ။ ဖန်တီးတဲ့ အဆင့် (၃) ဆင့်ပဲ ရှိပါတယ်။
ပထမဆုံး ပုံဆွဲဖို့အတွက် New File တစ်ခု ခေါ်ပါမယ်။
၁) Hard Round Brush တစ်ခု ခေါ်ပြီး Background Layer ပေါ်မှာပဲ လိုအပ်တဲ့ ပုံတွေ၊ စာတွေကို ရေးခြစ်ပါမယ်။ Brush Size ကို အကြီးကြီး မယူပါဘူး။ ပြီးတော့ ပုံလှလှလေးဖြစ်ဖို့ စိတ်ရှည်ရှည်တော့ ဆွဲရပါမယ်။ အောက်က အနေအထားလောက်ဖြစ်ရင် ရပါပြီ။

၂) ပြီးရင် Filter > Blur > Gaussian Blur နဲ့ ပုံကို ဝါးအောင် ပြုပါမယ်။ ဒီလို ပြုလုပ်တဲ့နေရာမှာ ပုံကို လုံးဝ ဝါးပြီး ပျောက်သွားအောင် လုပ်ရမှာ မဟုတ်ပါဘူး။ အောက်က အနေအထားလောက်ပါပဲ။ စမ်းသပ်ကြည့်ပါ။

၃) ပြီးသွားရင်တော့ အဲဒီပုံကို Level ညှိပါမယ်။ ဒါကြောင့် Image > Adjustment > Level (သို့) Ctrl + L ကို နှိပ်ရပါမယ်။ ပြီးရင် ဝါးနေတဲ့ပုံကို ပြန်လည် ကြည်လင်လာစေဖို့ Level Slider ရဲ့ ဘယ်နဲ့ ညာစွန်တွေမှာ ရှိတဲ့ Shade နဲ့ Light Slider တွေကို အလယ်ဘက်ကို ဆွဲကပ်ပါမယ်။ ဘယ်လောက်အတိုင်းအတာထိ ဆိုတာက ပုံသေမရှိပါဘူး။ မိမိ ကြည့်ကောင်းသလောက် စမ်းသပ်ကြည့်ပါ။

အောက်မှာ မူလဆွဲထားတဲ့ ပုံရယ် Gaussian Blur နဲ့ Level ကို အမျိုးမျိုး ပြောင်းပြီး စမ်းသပ်ထားတဲ့ နောက်ထပ် နမူနာ ၃ ခုကိုပါ ဖော်ပြလိုက်ပါတယ်။ ဒီနည်းလမ်းဖြင့် ချစ်စရာကောင်းသော ပုံလေးများကို လျှင်မြန်စွာ ဖန်တီးနိုင်ပါပြီ။

Source : mmphotoshop.net

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.