Photoshop Tutorial| တက်တူးထည့်မယ်

Adding Tattoo

တကယ်တော့ tattoo တစ်ခုပြုလုပ်တာဟာ လွယ်ကူပါတယ် ဘာမှခက်ခက်ခဲခဲမရှိပါဘူး၊ မိမိ tattoo ပြုလုပ်ချင်တဲ့ ပုံကိုဖွင့်လိုက်ပါမယ့်။

အဲဒီနောက် tattoo ပုံ sample တစ်ခုကိုဖွင့်ပြီး drag ဆွဲလာပါမယ်။

Layer palette မှာ အခုဆိုရင် Layer နှစ်ခုဖြစ်သွားပါပြီ၊ Background နဲ့ Layer 1 ပါ။

Layer 1 ကို Active ဖြစ်နေချိန်မှာ Ctrl + T ကိုနှိပ်ပြီး Transform လုပ်ပါမယ်၊ အရွယ်သေးငယ်သွားအောင်ပါ၊ ကြည့်ကောင်းတဲ့ အရွယ်လောက်ရရင်တော်ပါပြီ။ Enter ခေါက်ပြီး confirm လုပ်လိုက်ပါမယ်။

နောက်တစ်ဆင့်ကတော့ အဲဒီ tattoo လေးကို wrap လုပ်တာပါ၊ အဲဒီအတွက် Ctrl + T ကိုပဲထပ်နှိပ်ပြီ tool option bar က Wrap option ကိုဖွင့်လိုက်တာပဲဖြစ်ဖြစ် mouse ကို Right click နှိပ်ပြီး ပေါ်လာတဲ့ option ကနေ wrap ကိုရွေးတာပဲဖြစ်ဖြစ်ရပါတယ်။

wrap လုပ်တဲ့ အခါမှ Handle တွေနဲ့ Node တွေကို Click and drag လုပ်ပြီ မိမိစိတ်ကြိုက်အနေအထားလောက်ရရင်တော့ Enter ခေါက်ပြီး confirm လုပ်ပါမယ်။ အခုအသုံးပြုနေတဲ့ ပုံအနေအထားနဲ့ဆိုရင် tattoo ဟာလက်မောင်းပေါ်မှာ ရှိနေမှာ ဖြစ်တဲ့အတွက် ဘေးနှစ်ဘက်မှာ အလယ်ထက်ပိုပြီး အဖျားသေးငယ်ပေးလိုက်တာပါပဲ၊ (ဒီအဆင့် node နဲ့ handle တွေကိုထိန်းရတာ အဆင်မပြေရင်လဲ ချန်ထားခဲ့လို့ရပါတယ်)

နောက်ဆုံးအဆင့်ကတော့ tattoo layer ဖြစ်တဲ့ Layer 1 ရဲ့ Blending mode ကိုပြောင်းပေးလိုက်ဖို့ပါ၊ အခု ဒီအတိုင်းပဲထားရင် tattoo ပုံဟာ လက်မောင်းမှာ ကပ်ထားသလိုမဖြစ်ပါဘူး၊ လက်မောင်းအပေါ်ကို ကျရောက်တဲ့ အလင်းတွေအတိုင်း tattoo ဟာလဲ အရောင်အဖျော့ အထင်းရှိသင့်ပါတယ်၊ ဒါကြောင့် Layer 1 ရဲ့ Blending mode ကို Overlay သို့ပြောင်းလိုက်ပါမယ်။

Document window ကိုကြည့်လိုက်ရင် Result ကိုပြပေးနေပါလိမ့်မယ်၊ တကယ်လို့ ဒီ Overlay mode ကိုမကြိုက်ရင်လဲ တခြား Mode တွေစမ်းကြည့်နိုင်ပါတယ်။

နောက်ဆုံး final result ပုံပါ။ အခုဆိုရင် tattoo တစ်ခုကို သဘာဝကျကျဖန်တီးပြီးပါပြီ။

Source : mmphotoshop.net

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.